ငဖဲတောင်သူတွေ ဆန္ဒပြခွင့် ငြင်းပယ်ခံရ

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ သာစည်ကျေးရွာမှာ လယ်ယာမြေတွေ ပြန် လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆို ဖို့ တောင်သူတွေက ငဖဲမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့ဆီမှာ ခွင့်ပြုချက်တောင်းခံတာကို မြို့နယ်ရဲမှူးက မနေ့က ငြင်းပယ် လိုက်ပါတယ်။

လယ်ကွင်းအတွင်းမှာထိုင်နေတဲ့ လယ်သမားတစ်ဦးပုံ Photo: AFP

မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်၊ သာစည်ကျေးရွာမှာ လယ်ယာမြေတွေ ပြန်လည်ရရှိရေးအတွက် ဆန္ဒပြတောင်းဆိုဖို့ တောင်သူတွေက ငဖဲမြို့နယ် မြို့နယ်ရဲတပ်ဖွဲ့ဆီမှာ ခွင့်ပြုချက်တောင်းခံတာကို မြို့နယ်ရဲမှူးက မနေ့က ငြင်းပယ်လိုက်ပါတယ်။

ငဖဲမြို့နယ် ရဲမှူးက ဆန္ဒပြခွင့် ငြင်းလိုက်တဲ့ အကြောင်းပြချက်ကို တောင်သူတွေကိုကူညီနေတဲ့ ကိုဇော်ဝင်းထက်က အခုလိုပြောပါတယ်။

"ကျနော်တို့ကို ငြင်းတာက ဒီကိစ္စဟာ လယ်ယာမြေ အငြင်းပွားမှုပဲဖြစ်တယ်၊ မြေအသုံးချမှု စီမံခန့် ခွဲရေးကော်မတီကို တင်ပြီးတော့ ဖြေရှင်းသင့်တယ်၊ လူသွားလူလာများတဲ့ တကယ့်အချက်အချာကျတဲ့ လမ်းမကြီးဖြစ်နေတဲ့အတွက် ပြဿနာတစုံတရာ ဖြစ်လာနိုင်တယ်ဆိုတဲ့ အကြောင်းနှစ်ချက်နဲ့ ငြင်းတာ၊ ကျနော်တို့က ဥပဒေစည်းမျဉ်း စည်းကမ်းနဲ့အတူ လိုက်နာမယ်လို့ ကတိခံဝန်ချက်ထိုးထားတယ်၊ အဲဒါက ၁၉၉၇ ခုနှစ်ကနေ အဓမ္မသိမ်းဆည်းခံရတယ်"

လွန်ခဲ့တဲ့ ၁၉၉၉ ခုနှစ်က သာစည်ကျေးရွာမှာ လယ်သမား ၄၀ လောက်ပိုင်တဲ့ လယ်ယာမြေဧက ၂၀၀ ကျော်ကို Service International ကုမ္ပဏီက ဝါပင်စိုက်ပျိုးဖို့အတွက်ဆိုပြီး လျော်ကြေးမပေးဘဲ သိမ်းယူသွားခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို သိမ်းယူပြီးတဲ့နောက် တောင်သူတွေကို ၂ နှစ်လောက် သီးစားချလုပ်ကိုင်ခွင့် ပေးခဲ့ပြီး အခုနောက်ပိုင်း သီးစားချလုပ်ခွင့်လည်း မပေးတော့ဘူးလို့ တောင်သူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org