ရခိုင်ပါတီသစ် တည်ထောင် ဖို့ ဆွေးနွေးတာကို တောင်ကုတ် မြို့ခံတွေ ကန့်ကွက်ဆန္ဒပြ

ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီသစ်တစ်ခု ထပ်မံထူထောင်ဖို့ ကြိုးပမ်းနေတာ ကို တောင်ကုတ်မြို့မှာ ဒေသခံ ၁၀၀ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

ရခိုင်ပါတီသစ် တည်ထောင်ဖို့ ဆွေးနွေးနေတာကို ဇန်နဝါရီလ ၈ ရက်နေ့က တောင်ကုတ်မြို့ခံတွေ ကန့်ကွက်ဆန္ဒပြနေစဉ် Photo: ရိုးမသစ္စာ/ Facebook

ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီသစ်တစ်ခု ထပ်မံထူထောင်ဖို့ ကြိုးပမ်းနေတာကို တောင်ကုတ်မြို့မှာ ဒေသခံ ၁၀၀ ကျော်က ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ရခိုင်ပါတီတစ်ခုတည်းသာရှိဖို့ လိုလားတယ်လို့ ဆန္ဒပြပွဲဦးဆောင်တဲ့ တောင်ကုတ်မြို့ခံ ဦးမောင်မောင်သက်က ပြောပါတယ်။

"ကျနော်တို့က ရခိုင်ပြည်ထဲမှာ ရခိုင်တစ်မျိုးသားလုံးကိုဦးဆောင်နိုင်တဲ့ ရခိုင်ပါတီတစ်ခုကိုပဲ တည်ရှိစေ ချင်တာပါ၊ ပါတီများများ မလိုချင်တာကို၊ အဓိက ရခိုင်ပြည်သူတွေရဲ့အကျိုးကို၊ အမျိုးသားတရပ်လုံးရဲ့ အကျိုးကို ဦးဆောင်နိုင်တဲ့ ရခိုင်အမျိုးသားပါတီတစ်ခုကိုပဲ ကျနော်တို့ လိုချင်တယ်၊ တခြားအကွဲအပြဲတွေနဲ့ ပါတီများလာတာကို ကျနော်တို့ မကြိုက်မနှစ်သက်ပါဘူး"

ရခိုင်အမျိုးသားပါတီ(ANP)ကနေ ထုတ်ပယ်ခံထားရတဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေက ပါတီသစ်ထူထောင်ရေးအတွက် တောင်ကုတ်မြို့မှာ မနေ့ကနေ ဒီနေ့အထိ နှစ်ရက်ကြာ ဆွေးနွေးနေကြတာဖြစ် ပါတယ်။

အဲဒီလို ပါတီသစ်ထူထောင်ဖို့ ကြိုးပမ်းနေတာဟာ ရခိုင်တစ်မျိုးသားလုံးရဲ့ စည်းလုံးမှုကိုပြိုကွဲအောင် လုပ်ဆောင်နေ တာဖြစ်တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြပွဲကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်ဟောင်းတွေ အစည်းအဝေးပြုလုပ်နေတဲ့ တောင်ကုတ်မြို့နယ် ခန်းမအနီးမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org