နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီ ဖွဲ့စည်း
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီအဖြစ် ပြောင်းလဲဖွဲ့စည်း လိုက်ကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
-
2015-01-06 -
-
-
Your browser doesn’t support HTML5 audio
နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့တဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို နိုင်ငံရေးအကျဉ်းသားများရေးရာ ကော်မတီအဖြစ် ပြောင်းလဲဖွဲ့စည်း လိုက်ကြောင်း ဒီနေ့ထုတ် အစိုးရသတင်းစာတွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်တွင်းနေထိုင်မှု အခြေအနေတွေကို ဖြေရှင်းပေးဖို့အတွက် ပြောင်းလဲ ဖွဲ့စည်းတာဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီ အဖွဲ့ဝင် ဦးရဲအောင်က ပြောပါတယ်။
"ပထမကော်မတီမှာကတော့ အပေါ်ပိုင်းပေါ်လစီပိုင်းတွေ လွှတ်ပေးဖို့ကိစ္စတွေပေါ့လေ အဓိကထားခဲ့တယ် လို့ ကျနော်တို့ ယူဆပါတယ် ၂ဝ၁၃ မှာတော့၊ ဒါကတော့ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံတကာခရီးစဉ်တွေ မှာ ပြောကြားခဲ့တဲ့ ကတိစကားတွေအရလည်း ၂ဝ၁၃ အကုန်မှာ နိုင်ငံရေးအကျဉ်းသားမရှိရဘူးဆိုတဲ့ စကားအတိုင်းဆောင်ရွက်ခဲ့တယ်လို့ ယူဆတယ်၊ အခုဟာကတော့ အောက်ခြေအဆင့်အထိ လျှင်လျှင်မြန်မြန် ဆောင်ရွက်နိုင်အောင်ဆိုတဲ့ အနေအထားမှာကတော့ လွှတ်ပေးဖို့ထက်စာလို့ရှိရင် ဒီနိုင်ငံရေးအကျဉ်းသားတွေနဲ့ အရေးကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့လေ အောက်ခြေမှာ ကျနော်တို့ ဖမ်းဆီးမှုတွေ၊ တရားစွဲဆိုမှုတွေ နောက် ထောင်းသွင်းနေထိုင်မှုတွေနဲ့ ပတ်သက်တဲ့အရေးအရာ ကိစ္စ ဖြေရှင်းဖို့ဆိုတာမျိုးပုံစံမျိုးနဲ့လည်း ဖြစ်နိုင်လားလို့ ကျနော်တွေးမိတယ်"
နိုင်ငံရေးအကျဉ်းသားတွေရဲ့ အရေးကိစ္စတွေကို အောက်ခြေအဆင့်အထိ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ဖို့ အတွက် နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီကို ဖွဲ့စည်းလိုက်တာလို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ အမိန့်ကြော်ငြာစာမှာ ပါရှိပါတယ်။
၂၀၁၃ ခုနှစ် မေလက သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်တဲ့ လက်ကျန်နိုင်ငံရေးအကျဉ်းသားများစိစစ်ရေးကော်မတီကို ဖျက်သိမ်းပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း ဥက္ကဌအဖြစ် ဆောင်ရွက်မယ့် နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီကို ပြောင်းလဲ ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ကော်မတီမှာ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးသန်းဌေးက အတွင်းရေးမှုး အဖြစ်ဆောင်ရွက်မှာဖြစ်ပြီး အစိုးရဝန်ကြီးဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီ ၁၆ ခုက ကိုယ်စားလှယ်တွေနဲ့ ပါဝင်ပါတယ်။
လက်ရှိအချိန်အထိ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေကြရတဲ့ နိုင်ငံရေးအကျဉ်းသား ၇၀ ကျော်ရှိပြီး တရားရင်ဆိုင်နေရသူ ၁၇၀ လောက်ရှိတယ်လို့ သိရပါတယ်။
နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီ အဖွဲ့ဝင် ဦးရဲအောင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။