သပိတ်စခန်းကို ဝင်ရောက် ရိုက်နှက်မှု စက်ရုံနဲ့ မပတ်သက်ကြောင်းဝန်ခံမှသာ အလုပ်ပြန်ခန့်မယ်လို့ ပြော

အောက်တိုဘာ ၁၅ ရက်နေ့က သပိတ်စခန်းကို အကြမ်းဖက်ဝင်ရောက် ရိုက်နှက်တာဟာ ဖုယွင် အထည်ချုပ်စက်ရုံနဲ့ မပတ်သက်ကြောင်း ဆန္ဒပြအလုပ်သမားတွေက ဝန်ခံလက်မှတ်ထိုးမှသာ အလုပ်ပြန်ခန့်မယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှု တရုတ်အထည်ချုပ် လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး မစ္စတာ ရော်ဂျာက ပြောပါတယ်။

မြန်မာနိုင်ငံ စက်မှုလက်မှု တရုတ်အထည်ချုပ် လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး မစ္စတာ ရော်ဂျာ ကို တွေ့ရစဉ် Photo: Aung Thain Kha/ RFA

အောက်တိုဘာ ၁၅ ရက်နေ့က သပိတ်စခန်းကို အကြမ်းဖက်ဝင်ရောက် ရိုက်နှက်တာဟာ ဖုယွင် အထည်ချုပ်စက်ရုံနဲ့ မပတ်သက်ကြောင်း ဆန္ဒပြအလုပ်သမားတွေက ဝန်ခံလက်မှတ်ထိုးမှသာ အလုပ်ပြန်ခန့်မယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှု တရုတ်အထည်ချုပ် လုပ်ငန်းရှင်များ အသင်းချုပ် အတွင်းရေးမှူး မစ္စတာ ရော်ဂျာက ပြောပါတယ်။

ရက်ပေါင်း ၆၀ ကျော်ကြာချိန်အထိ တောင်းဆိုမှုတွေ မရရှိသေးတဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်က ဖုယွင် အထည်ချုပ်စက်ရုံ ဆန္ဒပြအလုပ်သမားတွေနဲ့ လုပ်ငန်းရှင်တွေ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်ခဲ့ကြပြီး ဒီ ညှိုနှိုင်း အစည်းအဝေးမှာ တိုင်းအစိုးရအဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ အလုပ်သမားအဖွဲ့အစည်းတွေလည်း ပါဝင်ပါတယ်။

လုပ်ငန်းရှင်ဘက်က ကိုယ်စားလှယ်အဖြစ် လာရောက်ဆွေးနွေးတဲ့ မစ္စတာ ရော်ဂျာက အလုပ်သမား ၃၀ ကို ခန့်အပ်လိုက်လို့ ကျန်အလုပ်သမားတွေ အလုပ်ထွက်သွားတာမျိုးတွေ ရှိလာနိုင်တဲ့အတွက် သူ့အနေနဲ့ စက်ရုံ ပိတ်သိမ်းဖို့ အစိုးရက တင်ပြလိုက်ဖို့ပဲ ရှိတယ်လို့ ဒီနေ့ ဆွေးနွေးပွဲမှာ ပြောခဲ့ပါတယ်။

အလုပ်သမားတွေကို အလုပ်ပြန်ခန့်ဖို့အတွက် စက်ရုံရဲ့ဝင်ထွက်ပေါက် ပိတ်ဆို့ဆန္ဒပြတာဟာ တရားမဝင်ကြောင်း ဝန်ခံဖို့၊ စက်ရုံဘက်က အကြမ်းဖက် လူမိုက်ငှားရိုက်တယ်ဆိုတာ ဖုယွင်နဲ့ ပတ်သက်မှု မရှိကြောင်း ဝန်ခံဖို့၊ စက်ရုံကို အလုပ်ပြန်ဝင်မယ်ဆိုရင် တရားမဝင်တဲ့ အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုမရှိအောင် ပြုလုပ်ဖို့၊ စက်ရုံရဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့၊ အထည်ပြီးစီးမှု စံချိန်တွေကို အများနည်းတူတန်း တူလုပ်ဆောင်ပေးဖို့ စတဲ့အချက် ၉ ချက်ကိုလက်ခံမှသာ အလုပ်ပြန်ခန့်နိုင်မယ်လို့ လည်းပြောပါတယ်။

နှစ်ဖက်စလုံး ဥပဒေကြောင်းအရသာ ဆက်လက်ဆောင်ရွက်သွားကြမှာ ဖြစ်ပြီး အလုပ်သမားတွေဘက်က တောင်းဆိုထားတဲ့ အလုပ်ထုတ်လိုက်တဲ့ အလုပ်သမား ၃၀ ကို ပြန်ခန့်ဖို့အချက် အပါအဝင် အချက် ၉ ချက်ကို ဆွေးနွေးပေမယ့် လုပ်ငန်းရှင်ဘက်က လက်မခံခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org