နိုင်ငံတော်မှ ခွဲမထွက်ရေးမူကို မိုင်းလားအဖွဲ့ ကိုင်စွဲထား

မိုင်းလားအဖွဲ့ဟာ နိုင်ငံတော်က ခွဲမထွက်ရေးမူကို အမြဲတမ်းဆုပ်ကိုင်ထားကြောင်းနဲ့ ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပရေးအတွက် နိုင်ငံရေးမူဘောင် ပြင် ဆင်ရေး ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြာင်း NDAA မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း က ပြောလိုက်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ NDAA မိုင်းလားအဖွဲ့တို့ သြဂုတ်လ ၁ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ တွေ့ဆုံခဲ့စဉ် Photo: Thiha Tun/ RFA

မိုင်းလားအဖွဲ့ဟာ နိုင်ငံတော်က ခွဲမထွက်ရေးမူကို အမြဲတမ်းဆုပ်ကိုင်ထားကြောင်းနဲ့ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေးအတွက် နိုင်ငံရေးမူဘောင် ပြင်ဆင်ရေး ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲတွေကို တက်ရောက်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ကြာင်း NDAA မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း က ပြောလိုက်ပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ NDAA မိုင်းလားအဖွဲ့တို့ ဒီနေ့ ရန်ကုန်မြို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ပြုလုပ်တဲ့တွေ့ဆုံပွဲမှာ ပြောခဲ့တာလို့ ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဦးခင်ဇော်ဦး က ပြောပါတယ်။

"နိုင်ငံရေးပိုင်းဆိုင်ရာမှာတေ့ာ အထူးဒေသ ၄ အနေနဲ့ နိုင်ငံတော်က ခွဲမထွက်ရေးမူကို အမြဲတမ်းဆုပ်ကိုင် ထားပါ့မယ်ဆိုပြီးတော့မှ သူတို့ပြောတာတွေရှိပါတယ်၊ ပြည်ထောင်စုမှ ခွဲမထွက်သင့်ဘူး၊ နိုင်ငံရေးအခြေခံမူ အနေနဲ့ ပြည်ထောင်စုက ခွဲမထွက်တဲ့မူကို ဆက်လက်ပြီးတော့ ဆုပ်ကိုင်ထားပါ့မယ် နောက်တစ်ခုက ငြိမ်းချမ်းရေး ညီလာခံမှာ အားလုံးပါဝင်ရေးကိုတော့ ဖော်ဆောင်သင့်ပါတယ်လို့ သူတို့အကြံပြုပါတယ် ၊ နိုင်ငံရေးဆွေးနွေးမှု မူဘောင် တက်ရောက်ရေးကို ကျနော်တို့က ဆွေးနွေးတဲ့အခါမှာတော့ သူတို့ စိတ်ဝင်စားပါတယ်၊ တက်ရောက်နိုင်ဖို့ သူတို့ကြိုးစားပါမယ်လို့ သူတို့ပြောပါတယ်"

ဒီနေ့ ဆွေးနွေးပွဲမှာ မိုင်းလားအဖွဲ့က တင်ပြတဲ့ အချက် ၅ ချက်ကတော့ နိုင်ငံတော်က ခွဲမထွက်ရေးမူကို ဆုပ်ကိုင်ထားတယ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ဖို့ လိုလားတယ်၊ နိုင်ငံတော်က ပိုင်ဆိုင်တဲ့ သယံဇာတတွေကို တိုင်းရင်းသား အားလုံးအတွက် အသုံးပြုသင့် တယ်၊ နိုင်ငံတော် လုံခြုံရေးအတွက် တိုင်းရင်းသားအားလုံး တာဝန်ရှိတယ် စတဲ့ အချက်တွေဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အတွင်းရေးမှူး ဦးခင်ဇော်ဦး၊ အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်နဲ့ အထောက်အကူပြုအဖွဲ့ဝင်တွေ တက်ရောက်ကြပါတယ်။

လာမယ့် သြဂုတ်လ ပထမပတ်ဝန်းကျင်မှာ နိုင်ငံရေးမူဘောင် ပြင်ဆင်ရေး ပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲတွေကို ကျင်းပသွားဖို့ရှိပြီး ကိုးကန့်၊ တအာင်းပလောင် ၊ AA ရခိုင်အဖွဲ့တွေ တက်ရောက်နိုင်ဖို့ နည်းလမ်းတွေ ကို ဆွေးနွေးနေပြီး အဲ့ဒီအဖွဲ့ ၃ဖွဲ့နဲ့ တွေ့ဆုံနိုင်ဖို့ မကြာမီ ရက်ပိုင်းအတွင်း မိုင်းလားဒေသကို သွားရောက်ဖို့ ရှိတယ်လို့ ဦးခင်ဇော်ဦး က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ NDAA မိုင်းလားအဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း တို့ သီးခြားစီ တွေ့ဆုံခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org