ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတ်လ ၁၆ ရက်နေ့ ပြန်လည်စတင်ဖို့ သဘောတူ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နဲ့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေဟာ ခုနှစ်ကြိမ်မြောက် အစည်း အဝေးကို မတ်လ လာမယ့် ၁၆ ရက်နေ့ တွေ့ဆုံဆွးနွေးဖို့ ဒီနေ့ သဘောတူညီလိုက်ပြီ ဖြစ်ပါတယ်။

NCCT နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာက တာဝန်ရှိသူတွေ ဇန်နဝါရီလ ၂၁ ရက်နေ့က ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေး ကြစဉ် Photo: Aung Moe Myint/RFA

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင် ရွက်ရေးအဖွဲ့ NCCT ခေါင်းဆောင်တွေဟာ ခုနှစ်ကြိမ်မြောက် အစည်းအဝေးကို မတ်လ လာမယ့် ၁၆ ရက်နေ့ တွေ့ဆုံဆွးနွေးဖို့ ဒီနေ့ သဘောတူညီ လိုက်ပြီ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့ NCCT ခေါင်းဆောင်အစည်းအဝေးကို ဒီနေ့ ညနေပိုင်းမှာ မြန်မာ ငြိမ်းချမ်းရေးစင်တာ MPC က ဦးလှမောင်ရွှေ ခေါင်းဆောင်တဲ့အဖွဲ့ရောက်ရှိလာ ပြီး နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ရာမှာ သဘောတူညီမှု ရရှိခဲ့တာလို့ ဦးလှမောင်ရွှေက ပြောပါတယ်။

"ဒီနေ့တော့ NCCT  ဘက်က အဆိုပြုချက်ကတော့ မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်မှာရှိတဲ့ ငြိမ်းချမ်းရေးစင်တာမှာ စပြီးတော့ကျင်ပဖို့ပါပဲ၊ နောက်ဆွေးနွေးပွဲကိုတော့ မတ်လ ၁၆ ရက်နေ့ကနေ ပြီးတော့ ၂၁ ရက်လောက်အထိပေါ့နော် ၆ ရက်လောက်ကြာ ကျင်းပဖို့ အဆိုပြုထားပါတယ်၊ ကျနော် တို့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အနေနဲ့လည်း ရွေးလိုက်တာဖြစ်တဲ့ အတွက်တော့ အဲ့ရက်မှာလုပ်တာတော့ နှစ်ဖက်သဘောတူတယ်လို့ ယူဆနိုင်မှာပါ၊ အဲ့အတွက် သွားလာဖို့ကိစ္စတွေ နောက်တစ်ခုက အစည်းအဝေးကျင်းပမယ့်ပုံစံတွေကို အစည်းအဝေးကျင်းပမယ့် Agenda တွေကို သူတို့အဆိုပြုတဲ့ဟာတွေကို ကျနော်တို့အနေနဲ့ အမှတ်အသားယူပြီး ကျနော်တို့နဲ့ UPWC ကို အမှတ်အသားပြဖို့ပါ"

ဒီနေ့ဆွေးနွေးပွဲအပြီးမှာတော့ ဦးလှမောင်ရွှေ ခေါင်းဆောင်တဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ MPC အဖွဲ့ဝင်တွေက ဝန်ကြီး ဦးအောင်မင်း ပေးလိုက်တဲ့ မူဝါဒအချက်အလက်တွေကို NCCT ခေါင်းဆောင်တွေထံ ပေးအပ်ခဲ့ပြီး NCCT ခေါင်းဆောင်တွေကလည်း သူတို့ရဲ့ အဆိုပြုချက်တွေကို MPC အဖွဲ့ဝင်တွေထံ ပေးလိုက်ပါတယ်။

ဒီကိစ္စတွေအပေါ် မရှင်းလင်းတာ မေးမြန်းလိုတာ ဆွေးနွေးလိုတဲ့ကိစ္စတွေကို မနက်ဖြန် မတ်လ ၁ ရက်နေ့ နေ့ လည် ၁ နာရီမှာ နှစ်ဖက်ခေါင်းဆောင်တွေ ပြန်လည်တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပြီး ခုနှစ်ကြိမ်မြောက် အစည်း အဝေးအတွက် နှစ်ဖက်ညှိနှိုင်းကြမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org