နေပြည်တော် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံး
သြဂုတ်လ ၁၉ ရက်နေ့က စတင်ခဲ့တဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့်ဆွေးနွေးပွဲ နောက်ဆုံးနေ့ကို နေပြည်တော်မှာ ဒီကနေ့ ဆက်လက်ကျင်းပခဲ့ပြီး အကြံပေး တင်ပြချက် တွေကို အနှစ်ချုပ် စုစည်း ဆွေးနွေးခဲ့တယ်လို့ သိရ ပါတယ်။
-
2011-08-21 -
-
-
Your browser doesn’t support HTML5 audio
ဒီဆွေးနွေးပွဲမှာ သမ္မတ အကြံပေး ဒေါက်တာဦးမြင့် အပါအဝင် ဦးဆောင်ဆွေးနွေးသူ ၅ ဦးက အနှစ်ချုပ် ပြန်လည် တင်ပြကြပြီး အပြန်အလှန် မေးခွန်းထုတ် ဆွေးနွေးခဲ့တယ်လို့ ကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့သူ တဦးဖြစ်တဲ့ မင်္ဂလာမြန်မာအဖွဲ့က ဦးဖုန်းဝင်းက ပြောပြပါတယ်။
သုံးရက်ကြာ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲမှာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအတွက် လိုအပ်မယ့် သွင်းကုန်ထုတ်ကုန်၊ ဘဏ်လုပ်ငန်းနဲ့ ငွေကြေးဆိုင်ရာကဏ္ဍ၊ တိုင်းပြည်အခြေခံ အဆောက်အဦး၊ လယ်ယာကဏ္ဍ၊ စက်မှုလုပ်ငန်း စတာတွေကို ဆွေးနွေး အကြံပြုခဲ့ကြတယ်လို့သိရပါတယ်။
ဒီဆွေးနွေးပွဲမှာ ပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ အစိုးရ တာဝန်ရှိသူတွေ၊ နိုင်ငံရေးနဲ့ လူမှု အဖွဲ့အစည်းတွေက တင်သွင်းတဲ့စာတမ်း စုစုပေါင်း ၂၄ ခုကို ဖတ်ကြား တင်သွင်းခဲ့ပါတယ်။ အဲဒီနောက် ဆွေးနွေးပွဲ အပိတ်မိန့်ခွန်းကို ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးလှထွန်းက သမ္မတနဲ့ အစိုးရအဖွဲ့ကိုယ်စား တက်ရောက်လာသူ အပေါင်းကို ကျေးဇူးတင်ကြောင်း ပြောကြားပြီး ညနေ ၃ နာရီမှာ ဆွေးနွေးပွဲ ပြီးဆုံးသွားခဲ့ပါတယ်။
ဒီအကြောင်း မင်္ဂလာမြန်မာအဖွဲ့က ဦးဖုန်းဝင်းကို ဆက်သွယ်ပြီး ကိုဇော်မိုးကျော် တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းတင်ပြချက်။ |
|
အသံဖိုင်ယူရန်။ |