လွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတချို့ပါ
ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းအတွင်း ဒုတိယအကြိမ်အဖြစ် ကြေညာလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသား ၆၃၀၀ ကျော်ကို သီတင်းကျွတ် လပြည့်နေ့ကစလို့ ပြန်လွှတ်ပေးမယ့် အစီအစဉ်ထဲမှာ နိုင်ငံရေး အကျဉ်းသားတချို့ ပါလာနိုင်တယ်လို့ သမ္မတရဲ့ အကြံပေးပုဂ္ဂိုလ် ဒေါက်တာနေဇင်လတ်က ပြောပါတယ်။
-
2011-10-11 -
-
-
သမ္မတ ဦးသိန်းစိန်ရဲ့ အကြံပေးအဖွဲ့ဝင် နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင်လတ်။
ahuntphonemyat
အများက တောင်းဆိုနေကြတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်မပေးနိုင်သေးတာဟာ သက်တမ်းနုသေးတဲ့ အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ တည်ငြိမ်မှုကို စောင့်ကြည့် နေရတာကြောင့် ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ဒေါက်တာနေဇင်လတ်ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |