၂၀၁၀ အကောင်းဆုံး စာအုပ်စာရင်းမှာ နာဂစ်အကြောင်း စာအုပ်ပါဝင်
၂၀၁၀ ပြည့်နှစ် အတွင်း ထုတ်ဝေခဲ့တဲ့ စာအုပ်တွေထဲမှာ မြန်မာနိုင်ငံက နာဂစ် မုန်တိုင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ အကြောင်း ကိုယ်တိုင် ကွင်းဆင်း ရေးသားထားတဲ့ စာရေး ဆရာမ Emma Larkin ရဲ့ အားလုံး ကျိုးပဲ့ ပျက်စီးသွားပြီလို့ တိုက်ရိုက်အဓိပ္ပာယ်ရတဲ့ Everything is Broken စာအုပ်ဟာ ထိပ်တန်း အကောင်းဆုံး ၄ အုပ်ထဲက တအုပ် ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စု ဗားဂျီးနီးယား ပြည်နယ် ရစ်ချ်မွန်းမြို့မှာ ဒီကနေ့ ထုတ်တဲ့ ရစ်ချ်မွန်း (Richmond) သတင်းစာမှာ ဖော်ပြလိုက်ပါတယ်။
-
2010-12-30 -
-
-
မြန်မာနိုင်ငံက နာဂစ် မုန်တိုင်းနဲ့ ကယ်ဆယ်ရေး လုပ်ငန်းအကြောင်း ရေးသားထားတဲ့ စာရေးဆရာမ အင်မာလာကင်ရဲ့ စာအုပ် မျက်နှာဖုံးပုံ။
RFA
ဒီစာအုပ်ဟာ အမေရိကန်စာရေးဆရာမ အင်မာလာကင်က ရေးသားတာဖြစ်ပြီး လူမှုရေးစီးပွားရေး အားလုံးပြိုကွဲ ပျက်စီးနေတဲ့
မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းကြောင့် နောက်ထပ် အကြီးအကျယ် ထိခိုက် ဆုံးရှုံးခဲ့ရတာတွေကို အသေးစိတ် ရေးသားထားပါတယ်။
ဆရာမ အင်မာလာကင်ဟာ အရင်က “ေ၈ျာ့ချ်အော်ဝယ်ရဲ့ ခြေရာကို မြန်မာပြည်မှာ ရှာဖွေခြင်း” စာအုပ်နဲ့ ထင်ရှားခဲ့တဲ့
စာရေးဆရာမ ဖြစ်ပါတယ်။