ရွာမြေငှားဂရန်တွေ ထုတ်ပေး
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ခွန်ကျေးရွာက ဒေသခံတွေကို မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာမြေငှား ဂရန်တွေ ဒီနေ့ ထုတ်ပေးခဲ့ပါတယ်။
-
2016-10-25 -
-
-
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်ခွန်ကျေးရွာက ဒေသခံတွေကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ကျေးရွာမြေ ငှားဂရန်တွေ ဒီနေ့ ထုတ်ပေးခဲ့ပါတယ်။
နမ့်ခွန်ကျေးရွာသူ ရွာသားတွေကို မြေပိုင်ဆိုင်မှု ၁ဝ နှစ်ရှိတဲ့ ဂရန်တွေ ထုတ်ပေးတာဖြစ်တယ်လို့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှုး ဦးကျော်သောင်း က ပြောပါတယ်။
"အဓိကကတော့ မြေတိုင်းတာတာ စနစ်တကျဖြစ်အောင်ရယ် နောက် နိုင်ငံတော်အစိုးရက မြို့တမြို့ မှာ ကျေးရွာတရွာဆီ တနှစ်တခါ လုပ်ပေးနေတာဖြစ်တဲ့အတွက် ကျေးရွာသူ ကျေးရွာသားတွေအနေ နဲ့တော့ ဒီဂရန်ကို မြေပိုင်ဆိုင်မှုကို စနစ်တကျနဲ့ ရတာဖြစ်တဲ့အတွက် နောက်စီးပွါးရေးလုပ်ဖို့ သူတို့ အတွက် အခွင့်အရေးတခု ရသွားတာဖြစ်ပါတယ်၊ ၁၀ နှစ်ပေးပါသေးတယ်၊ နောက်ကျနော်တို့က မြို့တိုးချဲ့လာတဲ့အချိန်မှာ ၅ နှစ်ဆီ တိုးတိုးပေးသွားမှာဖြစ်ပါတယ်၊ လောလောဆယ်တော့ ၁၀ နှစ်ပဲ ပေးပါသေးတယ်"
အခုလို မြေငှားဂရန်တွေ ထုတ်ပေးတဲ့အတွက် ရွာသူရွာသားတွေကလည်း ဝမ်းသာကျေနပ်ကြတယ်လို့ နမ့်ခွန်ကျေးရွာသား မိုင်အောင်မြတ် က ပြောပါတယ်။
မြေဂရန်ပေးအပ်တဲ့ အခမ်းအနားမှာ ခရိုင်အုပ်ချုပ်ရေး၊ လဝက စတဲ့ ဌာနပေါင်းစုံပါဝင်သလို ရှမ်း၊ ကချင်၊ ပလောင်၊ ကရင်၊ ရခိုင်၊ ချင်း ယဉ်ကျေးမှုအဖွဲ့တွေလည်း တက်ရောက်ကြတဲ့အတွက် လူဦးရေ ၂၀၀ လောက် ရှိတယ်လို့ သိရပါတယ်။
နမ့်ခွန်ကျေးရွာဟာ မူဆယ်-မန္တလေး ကားလမ်းပေါ်မှာရှိပြီး ရှမ်းလူမျိုးအများစုနေထိုင်တဲ့ ကျေးရွာဖြစ်ပါတယ်။ အခုလို ကျေးရွာမြေငှားဂရန်ထုတ်ပေးတာ ဒါဒုတိယအကြိမ်ဖြစ်ပြီး မနှစ်က မူဆယ်မြို့နယ် မန်းမိုင်ကျေးရွာမှာလည်း ထုတ်ပေးခဲ့ပါတယ်။