နိုင်ကျဉ်းဟောင်း သားသမီးတွေကို အိုးဝေဖောင်ဒေးရှင်း ကူညီ
အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေရဲ့ သားသမီးတွေ အတွက် မေတ္တာ အိုးဝေဖောင်ဒေး ရှင်းက ပညာရေးထောက်ပံ့လှူဒါန်းပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းရုံးခန်းမှာ ဒီနေ့ ကျင်းပခဲ့ ပါတယ်။
-
2016-06-04 -
-
-
အနယ်နယ်အရပ်ရပ်မှာရှိကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ သားသမီးတွေအတွက် မေတ္တာ အိုးဝေဖောင်ဒေးရှင်းက ပညာရေးထောက်ပံ့လှူဒါန်းပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းရုံးခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ သားသမီးတွေ ဒီ့ထက်မက ပိုပြီး ထောက်ပံ့ နိုင်အောင် ကြိုးစား မယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း က ဦးကိုကိုကြီးက ဒီနေ့ အခမ်းအနားမှာ ပြောပါတယ်။
"ဦးတို့ဒီမှာအကူအညီပေးနေတယ်ဆိုတာလည်း တစ်ကယ်တော့ ငွေကြေးတန်ဖိုးအားဖြင့် အများကြီးမဟုတ်ပါဘူး၊ ပြောရရင်သိပ်ချမ်းသာတဲ့သူတွေ အလွယ်သုံးတဲ့ ပိုက်ဆံပမာဏ လောက်သာကို ဒီမှာသားတို့၊သမီးတို့ကိုမျှတပြီးတော့ ခွဲဝေပေးနေတာ၊ ပိုပြီးပေးနိုင်အောင်တော့ ကြိုးစားနေကြ တယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများဟာ ကိုယ့်ရဲ့ယုံကြည်ချက်ကြောင့် ကိုယ်နိုင်ငံကောင်းရာကောင်းကျိုးအတွက် ကျနော်တို့တတ်နိုင်သလောက် စွန့်လွှတ်စွန့်စား ခဲ့ကြပါတယ်၊ ဒါပေမယ့် ကျနော်တို့တစ်ဦးချင်းကာယကံရှင်တွေက အနစ်နာခံနိုင်တယ်ဆိုပေမယ့် ကျနော်တို့ယုံကြည်မှုကြောင့် ကလေး သူငယ်တွေ၊ သားသမီးတွေကပါ ရောနှောပြီးတော့ ဒုက္ခတွေကို ခံစားခဲ့ကြရတာပါ"
ဒီနေ့တတိယအကြိမ်လှူဒါန်းပွဲမှာ အခြေခံပညာကျောင်းသား၊ ကျောင်းသူတွေအတွက် ငွေကျပ် ၃ သောင်းစီနဲ့ စာရေးကိရိယာတွေ ကို ထောက်ပံ့လှူဒါန်း မှာဖြစ်သလို တက္ကသိုလ်ကျောင်းသား၊ ကျောင်း သူတွေအတွက် တစ်ဦးကို ငွေကျပ် ၁ သိန်းအထိ လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီ က ပြောပါတယ်။
မေတ္တာအိုးဝေ ဖောင်ဒေးရှင်းကို ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က နိုင်ငံရေးအကျဉ်းသား ဟောင်းတွေရဲ့ သားသမီးတွေအတွက် ပညာရေး၊ ကျန်းမာရေးအတွက် ဖောင်ဒေးရှင်းအနေနဲ့ တည် ထောင်ထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၄- ၂၀၁၅ ခုနှစ် ပညာသင်နှစ်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။