မလေးက မြန်မာအလုပ်သမားတွေ တိုက်ခိုက်ခံရ

မလေးရှားနိုင်ငံ ဆာဒန်းမြို့မှာ အလုပ်ကပြန်လာ တဲ့ မြန်မာအလုပ်သမား ၁၃ ယောက်ကို လူတစ်စုက ဓားနဲ့ ဝင်ခုတ်တဲ့အတွက် အလုပ်သမား ၄ ယောက် နေရာမှာ တင်သေဆုံးပြီး ၃ ယောက် ကတော့ အတွင်းလူနာအနေနဲ့ ဆာဒန်းဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ မလေးရှားနိုင်ငံ ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှုအသင်းက ဦးဆန်းဝင်းက ပြောပါတယ်။

မလေးရှားနိုင်ငံ ဆာဒန်းမြို့မှာ ဇန်နဝါရီလ ၅ ရက်နေ့ညက မြန်မာလုပ်သား ၁၃ ဦး ဓါးခုတ်ခံရတဲ့နေရာကို တွေ့ရစဉ် ဓါတ်ပုံ - ဆန်းဝင်း

မလေးရှားနိုင်ငံ ဆာဒန်းမြို့မှာ အလုပ်ကပြန်လာတဲ့ မြန်မာအလုပ်သမား ၁၃ ယောက်ကို လူတစ်စုက ဓားနဲ့ ဝင်ခုတ်တဲ့အတွက် အလုပ်သမား ၄ ယောက် နေရာမှာတင်သေဆုံးပြီး ၃ ယောက်ကတော့ အတွင်းလူနာအနေနဲ့ ဆာဒန်းဆေးရုံကြီးမှာ တက်ရောက်ကုသနေရတယ်လို့ မလေးရှားနိုင်ငံ ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှု အသင်းက ဦးဆန်းဝင်း က ပြောပါတယ်။


ညအချိန်ဖြစ်နေတာကြောင့် ဓားနဲ့ခုတ်သူတွေနဲ့ အရေအတွက်ကို သေချာမသိလိုက်ကြဘူးလို့ ဦးဆန်းဝင်း က ပြောပါတယ်။

"သူတို့ မနေ့ညက Over Time ရှိတော့ အလုပ်ပြီးသွားတဲ့အခါ သူတို့နေတဲ့အိမ်ကို ပြန်လာတယ်။ ပြန် လာတဲ့အခါမှာ လမ်းတစ်ခုရဲ့ကြားမှာ လူ ၁၃ ယောက်က အလုပ်က အတူတူပြန်လာတယ်။ အဲဒီမှာ ခိုက်ရန်လည်း ဘာမှမရှိဘဲနဲ့ လူတစ်စုက သူတို့ကို ဓားနဲ့လာခုတ်ကြတယ်။ အဲ့လို ဓားနဲ့လာခုတ် တဲ့အခါမှာ ၄ ယောက်က ပွဲချင်းပြီးသေပြီးတော့ ၃ ယောက်က အတွင်းလူနာအနေနဲ့ ဆာဒန်းဆေး ရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ညဘက်ဆိုတော့ ကွဲကွဲပြားပြားကြည့်ချိန်တောင် မရလိုက်ဘဲ အားလုံးက ဝင်ပြီးခုတ်တဲ့အတွက် သူတို့ကြောက်လန့်သွားကြတယ်။ အဲ့လိုဖြစ်နေကြတယ်။"

အတွင်းလူူနာအဖြစ် ကုသနေရသူ ၃ ယောက်ထဲက တစ်ယောက်ကတော့ ဒီကနေ့ ညနေမှာ ထပ်မံသေဆုံး သွားတယ်လို့ သိရပါတယ်။

ဓားနဲ့ အခုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေဟာ လျှပ်စစ်ပစ္စည်းတွေကို ထုပ်ပိုးတဲ့ ပုံးအခွံတွေကို ထုတ်လုပ်တဲ့ စက်ရုံက အလုပ်သမားတွေ ဖြစ်ပါတယ်။

ဒီဓားခုတ်မှုနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ မြန်မာသံရုံးက တာဝန်ရှိသူတွေ ဦးဆောင်ကာ ကွာလာလမ်ပူမြို့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဦးဆန်းဝင်း က ပြောပါတယ်။

ဓားခုတ်မှုဖြစ်ခဲ့တဲ့ ဆာဒန်းမြို့မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁ သောင်းကျော်လောက်ရှိတယ်လို့ သိရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org