ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်း ကျဆင်း
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကထက် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်းကျဆင်းသွားသလို ဘိန်းထုတ်လုပ်မှုလည်း ကျဆင်းသွားတယ်လို့ UNODC နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒီနေ့ ပူးပေါင်းထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုအစီရင်ခံစာ ၂၀၁၇ မှာ ဖော်ပြထားပါတယ်။
-
2017-12-06 -
-
-
မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်ကထက် ဘိန်းစိုက်ပျိုးမှု ၂၅ ရာခိုင်နှုန်းကျဆင်းသွားသလို ဘိန်းထုတ်လုပ်မှုလည်း ကျဆင်းသွားတယ်လို့ UNODC နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒီနေ့ ပူးပေါင်းထုတ်ပြန်တဲ့ မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အစီရင်ခံစာ ၂၀၁၇ မှာ ဖော်ပြထားပါတယ်။
အစီရင်ခံစာထုတ်ပြန်ပွဲကို နေပြည်တော်က Kampinski Hotel မှာ ဒီနေ့ ကျင်းပခဲ့တာဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဘိန်းစိုက်ဧရိယာ ဟက်တာ ၅၅၀၀၀ ရှိရာကနေ ဒီနှစ်မှာ ဟက်တာ ၄၁၀၀၀ သာကျန်တော့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲမှူးကြီး ဇော်လင်းထွန်း က ပြောပါတယ်။
ဒါ့အပြင် ဘိန်းထုတ်လုပ်မှုပါကျဆင်းပြီး မက်ထရစ်တန် ၆၀၀ ကျော်ကနေ ၅၀၀ ကျော်အထိ ကျဆင်းသွားတယ်လို့ လည်း ပြောပါတယ်။
ဥပဒေအရ တားဆီးပိတ်ပင်မှုတွေနဲ့ ဈေးကွက်ကျဆင်းတဲ့အချိန် ရောက်လာတဲ့အချိန် ဖြစ်တာကြောင့် ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ကျဆင်းတာဖြစ်ကြောင်း ရဲမှူးကြီးဇော်လင်းထွန်း က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ၂၀၀၂ ခုနှစ်ကတည်းက ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ UNODC ဟာ ဒီအစီရင်ခံစာကို ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အဓိက များပြားတဲ့ ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ ဂြိုဟ်တုစနစ်နဲ့ မြေပြင်ကွင်းဆင်းမှုတွေပြုလုပ်ပြီး ထုတ်ပြန်တာလို့ သိရပါတယ်။
မြန်မာနိုင်ငံ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ ရှမ်းပြည်နယ်ကဖြစ်ပြီး ပဋိပက္ခဖြစ်ပွားနေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးထုတ်လုပ်မှု ကျဆင်းမှုမရှိဘူးလို့ ဆိုပါတယ်။ ဘိန်းစိုက်တောင်သူတွေရဲ့ ဘ၀ ဖံ့ွဖြိုးတိုးတက်ရေးအတွက် အစားထိုးသီးနှံစိုက်ပျိုးရေးတွေ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုကို ၂၀၀၆ ခုနှစ်က ရှိခဲ့တဲ့ ဟက်တာ ၁၂၅၀၀ အထိကို ၂၀၁၉ ခုနှစ်မှာ လျှော့ချဖို့ ရည်မှန်းထားပါတယ်။