ICC မှာ အရေးယူဖို့လုပ်နေတာတွေကို ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာအစိုးရ ပြော

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က အရေးယူဖို့လုပ်ဆောင်နေတာတွေကို လုံးဝဆန့်ကျင်ကန့်ကွက်ကြောင်း ICC အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ဘယ်လိုနည်းနဲ့မှ တရား စီရင်ခွင့်မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားလိုက်ပါတယ်။

၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က မိန့်ခွန်းပြောကြားစဉ် Photo: Myanmar State Counsellor Office

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က အရေးယူဖို့လုပ်ဆောင်နေတာတွေကို လုံးဝ ဆန့်ကျင်ကန့်ကွက်ကြောင်း ICC အနေနဲ့ မြန်မာနိုင်ငံအပေါ်မှာ ဘယ်လိုနည်းနဲ့မှ တရားစီရင်ခွင့်မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ပြောကြားလိုက်ပါတယ်။

၇၃ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားရာမှာ ဦးကျော်တင့်ဆွေက အခုလို ပြောကြားလိုက်တာဖြစ်ပြီး ICC ရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ မခိုင်လုံတဲ့ နောက်ခံအကြောင်း တရားတွေကို အခြေခံထားပြီး ပြည်တွင်းဖြေရှင်းချက်တွေ လမ်းစမကုန်ခင်မှာ ဝင်ရောက်တရားစီရင်ဖို့ ဆုံးဖြတ်ချက် သာဖြစ်တယ်လို့လည်း ဝေဖန်လိုက်ပါတယ်။

အခုလို ဆုံးဖြတ်လိုက်တာဟာ ICC ရဲ့ တည်ကြည်ခိုင်မာမှုနဲ့ ဥပဒေအာဏာကို ထိပါးစေတယ်လို့လည်း သူက ပြောပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်တာဝန်ပေးခဲ့တဲ့ အချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့လည်း အလေးအနက် စိုးရိမ်မိကြောင်း ဦးကျော်တင့်ဆွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ သဟဇာတဖြစ်ဖို့ ကြိုးပမ်းတည်ဆောက်နေတဲ့အချိန် အခုလို အစီရင်ခံစာ ထွက်ပေါ်လာတာဟာ နှစ်ဖက်လူမျိုးစုတွေအကြား ပြင်းထန်မှု ပိုပြီးဖြစ်ပေါ်လာစေသလို ရခိုင်ပြည်နယ်အတွင်း အရေးပေါ်လိုအပ်နေတဲ့ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကြိုးပမ်းချက်တွေကိုလည်း နှောင့်နှေးသွားစေနိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ဒီမိန့်ခွန်းမှာ မြန်မာအစိုးရအနေနဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ဖို့ ကြိုးစားနေသလို တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေး ရဖို့ ငြိမ်းချမ်းတည်ငြိမ်ပြီး သဟဇာတဖြစ်တဲ့ လူ့ဘောင်တစ်ရပ် တည်ဆောက်ဖို့ ကြိုးစားနေတာတွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org