ပြည်ပမှာနေထိုင်ကြသူ ၄သန်းကျော်ရှိနေ

နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ နေထိုင်နေ ကြသူ မြန်မာနိုင်ငံသား ၄ ဒဿမ ၂၅ သန်း ရှိကြောင်း ကုလသမဂ္ဂ လူဦးရေဆိုင်ရာ အဖွဲ့ UNFPA က ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းနိုင်ငံကိုရောက်နေတဲ့ မြန်မာတွေကို တွေ့ရစဉ်

နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ နေထိုင်နေကြသူ မြန်မာနိုင်ငံသား ၄ ဒဿမ ၂၅သန်းရှိကြောင်း ကုလသမဂ္ဂ လူဦးရေဆိုင်ရာအဖွဲ့ UNFPA က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစာရင်းဟာ ၂၀၁၄ခုနှစ်က ကောက်ယူခဲ့တဲ့စာရင်းဖြစ်တဲ့ ၂သန်းကျော်နဲ့ ၁၉၈၃ ကနေ ၂၀၁၄ခုနှစ်အတွင်း တိုင်းပြည်ကနေ ထွက်ခွာသွားကြသူ အရေအတွက်ကို ခန့်မှန်းတွက်ချက်ထားတဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။ အများစုဟာ ထိုင်းနိုင်ငံနဲ့နီးတဲ့ မော်လမြိုင်နဲ့ ဘားအံမြို့နယ်တွေက ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံရပ်ခြားရောက်သွားကြတဲ့ အဓိကအကြောင်းက အလုပ်အကိုင်အခွင့်အလမ်း ဖြစ်တယ်လို့ ပြောထားပါတယ်။

ပြည်တွင်းမှာ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ကလည်း တဖြည်းဖြည်းများလာနေပြီး ကျေးလက်ဒေသတွေ ကနေ ရန်ကုန်လိုမြို့ပြမှာ ပြောင်းရွှေ့နေထိုင်ကြသူ အရေအတွက်များလာနေတာဖြစ်ပါတယ်။ အများ ဆုံး ပြောင်းရွှေ့ကြသူတွေကတော့ ဧရာဝတီတိုင်းဒေသကြီးက ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org