သတင်းစာပညာကျောင်း ဖွင့်လှစ်ဖို့ မြန်မာနဲ့ ပြင်သစ် သဘောတူ

မြန်မာနိုင်ငံမှာ သတင်းစာပညာ သင်တန်းကျောင်းတစ်ခုကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီး (ယူနက်စကို)နဲ့ ပူးပေါင်းပြီးဖွင့်လှစ်ဖို့ မြန်မာနဲ့ ပြင်သစ် အစိုးရတို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ယူနက်စကိုက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံမှာ သတင်းစာပညာ သင်တန်းကျောင်းတစ်ခုကို ကုလသမဂ္ဂပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီး (ယူနက်စကို)နဲ့ ပူးပေါင်းပြီးဖွင့်လှစ်ဖို့ မြန်မာနဲ့ ပြင်သစ်အစိုးရတို့ သဘောတူ လက်မှတ်ရေးထိုးလိုက်ကြောင်း ယူနက်စကိုက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ သတင်းစာလွတ်လပ်ခွင့်တိုးမြှင့်ရေးနဲ့ သတင်းမီဒီယာယဉ်ကျေးမှု ကျယ်ပြန့်ရေးအတွက် နိုင်ငံတကာက ပံ့ပိုးကူညီမှုရှိနေကြောင်း သက်သေပြလိုက်တာပါလို့လည်း ယူနက်စကိုအဖွဲ့ကြီးက မှတ်ချက်ချပါတယ်။

ဒီသဘောတူညီချက်ကို မကြာခင်က ကျင်းပခဲ့တဲ့ အမျိုးသမီးရေးရာ ညီလာခံကာလအတွင်း မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ပြင်သစ်ယဉ်ကျေးမှုနဲ့ ဆက်သွယ်ရေးဝန်ကြီး Ms. Aurelie Filippetti တို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ကြောင်း၊ ဒီလို သဘောတူညီရာမှာ မီဒီယာဥပဒေ ပေါ်ထွက်လာရေး အကြံပေးဖို့၊ ရုပ်ရှင်ထုတ်လုပ်ဖြန့်ချီရေးမှာ နည်းပညာအကူညီပေးဖို့တွေလည်းပါတယ်လို့ ဆိုပါတယ်။

မြန်မာသတင်းစာပညာသင်ကျောင်းအနေနဲ့ ဘွဲ့လက်မှတ်ပေးမယ့် တနှစ်သင်တန်းကို ၂၀၁၄ ဇူလိုင်လမှာ စတင်ဖွင့်လှစ်သင်ကြားမယ်လို့ သိရပါတယ်။ ဒီသင်တန်းကျောင်းကို ပြင်သစ်၊ ဂျာမနီ၊ ဒင်းမတ်၊ နောင်ဝေနဲ့ ဆွီဒင်နိုင်ငံတွေက ပူးပေါင်းထောက်ပံ့မယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org