မြန်မာနိုင်ငံ ၆.၄% တိုးတက်မယ်လို့ IMF ခန့်မှန်း

ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ကုန်သွယ်ရေးဆိုင်ရာ စိုးရိမ်ပူပန်စရာတွေအပြင် ဥရောပ သမဂ္ဂက ဗြိတိန်နုတ်ထွက်တာတွေကြောင့် ၂၀၁၉ နှစ်အတွက် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေနိုင်တယ်လို့ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့က အင်္ဂါနေ့က အစီရင်ခံစာ တစောင် ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့ကို တွေ့ရစဉ်
ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဟာ ကုန်သွယ်ရေးဆိုင်ရာ စိုးရိမ်ပူပန်စရာတွေအပြင် ဥရောပသမဂ္ဂက ဗြိတိန်နုတ် ထွက်တာတွေကြောင့် ၂၀၁၉ နှစ်အတွက် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှေးကွေးနေနိုင်တယ်လို့ IMF အပြည်ပြည် ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့က အင်္ဂါနေ့က အစီရင်ခံစာတစောင် ထုတ်ပြန်လိုက်ပါတယ်။

တကမ္ဘာလုံးအတိုင်းအတာနှင့် စီးပွားရေးဖွ့ံ့ဖြိုးမှုဟာ ၃.၃%ကနေ ၃.၆% လောက်ပဲရှိနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်နိင်ငံအတွက် ဖွံ့ဖြိုးမှု ၂.၃%လို့ ခန့်မှန်းထားပြီး တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေကိုတော့ ၆%နဲ့ ၇% အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။မြန်မာနိုင်ငံအတွက် ၂၀၁၉ နှစ်မှာ ၆.၄% တိုးတက်မှုရှိနိင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ခန့်မှန်းချက်မှာ ၂၀၁၇-၁၈မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၆.၈% ရှိရာက၂၀၁၉မှာ ၆.၂ %ကို ကျဆင်းနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org