မြန်မာ့စီးပွားရေး ၃ နှစ် ဆက်တိုက်တက်မယ်
မြန်မာနိုင်ငံဟာ အခုနှစ်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၇.၈% ရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဗုဒ္ဓဟူးနေ့မှာ ပြောကြား လိုက်ပါတယ်။
-
2016-10-06 -
-
-
ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်က အဆောက်အအုံတစ်ခုပုံ
.
မြန်မာနိုင်ငံဟာ အခုနှစ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၇.၈% ရှိလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဗုဒ္ဓဟူးနေ့ မှာ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် မြန်မာ့စီးပွားရေးဟာ လာမယ့် ၂ဝ၁၇ ခုနှစ်မှာ ၈.၄% နဲ့ ၂ဝ၁၈ ခုနှစ်မှာ ၈.၃% တိုးတက်မယ်လို့လည်း ကမ္ဘာ့ဘဏ်က ခန့်မှန်းတွက်ချက်ထားပါတယ်။
အိမ်နီးခြင်း ထိုင်းနိုင်ငံကတော့ ၂ဝ၁၄ စစ်တပ်အာဏာသိမ်းပြီးကတည်းကစပြီး စီးပွားရေးတိုးတက်မှုနှုန်း ဆက်တိုက်ကျဆင်းခဲ့ရာမှာ အခု ၂ဝ၁၆ ခုနှစ်မှာ ၃.၁% ပဲရှိပြီး လွန်ခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ကဆိုရင် ၂.၈% ပဲ တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။