ငလျင်ဘေးသင့်ပြည်သူ ၄ဝ,ဝဝဝ ကျော် ယာယီ အမိုးအကာတွေ နဲ့ နေထိုင်နေရ

အမျိုးသမီး နဲ့ ကလေးအပါအဝင် လူ နှစ်သိန်းခန့် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၄၂,၀၀၀ ခန့်ဟာ ပြင်းထန်တဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်မရှိတဲ့အမိုးအကာတွေနဲ့ ဆေက်လုပ်ထားတဲ့ ယာယီခိုလှုံရာ နေရာ ၁၄၅ ခုမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

ငလျင်ဘေးဒုက္ခသည်တွေ ယာယီတဲတွေမှာ နေထိုင်ကြရ။ UNDP

မြန်မာမှာ ငလျင်လှုပ်ခတ်ခဲ့တာ တစ်လ ကြာမြင့်လာတဲ့အထိ လူပေါင်း ၄၀,၀၀၀ ကျော် ယာယီတဲတွေ နဲ့ တခြား ယာယီခိုလှုံနေရာတွေမှာ နေထိုင်နေကြရတယ်လို့ Save the Children အဖွဲ့က ပြောကြားခဲ့ပါတယ်။ နောက်ဆက်တွဲ ငလျင်တွေကြောင့်လည်း နေအိမ်တွေမှာ ပြန်လည်နေထိုင်ဖို့ နဲ့ နေအိမ်တွေ ပြင်ဆင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

အမျိုးသမီး နဲ့ ကလေးအပါအဝင် လူ နှစ်သိန်းခန့် အိုးအိမ်စွန့်ခွာခဲ့ရပြီး ၄၂,၀၀၀ ခန့်ဟာ ပြင်းထန်တဲ့ ရာသီဥတုဒဏ် ခံနိုင်ရည်မရှိတဲ့အမိုးအကာတွေနဲ့ ဆေက်လုပ်ထားတဲ့ ယာယီခိုလှုံရာ နေရာ ၁၄၅ ခုမှာ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

လူအများစုဟာ ရေ နဲ့ ခြင်ကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျှော၊ သွေးလွန်တုပ်ကွေး နဲ့ အရေပြားရောဂါတွေကို ထိန်းချုပ်နိုင်တဲ့ သောက်သုံးရေသန့် ရရှိဖို့ ခက်ခဲနေတယ်လို့ ပြောပါတယ်။

နေ့စဉ် နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နေတာကြောင့်လည်း မိုးရာသီမတိုင်မီ နေအိမ်တွေ ပြန်လည် ပြင်ဆင် တည်ဆောက်နိုင်ခြင်းမရှိမှာကို စိုးရိမ်မှုတွေ မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။ အခုလ အစောပိုင်းမှာ မိုးသည်းထန်ခဲ့တာကြောင့် မန္တလေးမြို့ အနီးတဝိုက်က ငလျင်သင့်မိသားစုတွေအတွက် ထူထောင်ထားတဲ့ ယာယီစခန်း ရေကြီးနစ်မြုပ်ခဲ့တယ်လို့ ပါရှိပါတယ်။

“မြန်မာကလေးတွေအတွက် အိမ်မက်ဆိုးက လွတ်မြောက်ဖို့ အလှမ်းဝေးနေပါသေးတယ်၊ ကလေးသူငယ် အများအပြားဟာ ယာယီအမိုးအကာတွေမှာ နေထိုင်နေရပါတယ်၊ မိုးမကျခင် စာသင်ကျောင်းတွေအပါအဝင် အရေးကြီးအဆောက်အအုံတွေကို ဘယ်လိုပြုပြင်ရမလဲဆိုတာလည်း ပြည်သူလူထုက စိုးရိမ်နေပါတယ်၊ ဒုက္ခရောက်နှင့်ပြီးသား ပြည်သူတွေဟာ မိုးရာသီမှာ ပိုပြီး အခက်အခဲတွေ ကြုံရနိုင်ပါတယ်” လို့ Save the Children အဖွဲ့ အာရှဒေသဆိုင်ရာ ခေတ္တညွှန်ကြားရေးမှူး ဂျရယ်မီ စတုန်းနာက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org