ငလျင်ကြောင့် နေအိမ် ၃ သောင်းနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း NUG ထုတ်ပြန်

RFA Burmese
2025.04.06
ငလျင်ကြောင့် နေအိမ် ၃ သောင်းနီးပါး ထိခိုက်ပျက်စီးခဲ့ကြောင်း NUG ထုတ်ပြန် ငလျင်ကြောင့် ပြိုကျခဲ့တဲ့ မန္တလေးမြို့က အဆောက်အဦကို တွေ့ရစဉ်။
AP

မြန်မာနိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်သွားတဲ့ ပြင်းအား ၇.၇ အဆင့်ရှိ မြေငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော် နဲ့ ပဲခူး မြို့နယ် က နေအိမ် စုစုပေါင်း ၂၈,၄၄၇ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ ၃ သန်း ၃ သိန်းနီးပါး ငလျင်ဒဏ် ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

NUG လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ငလျင်ဒဏ်အပြင်းထန်ဆုံး ခံခဲ့ရတဲ့ မန္တလေးမြို့မှာ နေအိမ် ၁၇,၆၃၇၊ နေပြည်တော်မှာ ၅,၆၀၀ ၊ စစ်ကိုင်းမှာ ၄,၇၄၅ ၊ ပဲခူးမှာ ၄၆၅ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဘာသာရေးအဆောက်အအုံ စုစုပေါင်း ၄,၉၃၁ ခု ပျက်စီးခဲ့ပြီး စာသင်ကျောင်း ၅၅၂ ကျောင်းလည်း ထိခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ငလျင်ကြောင့် ဒီမြို့နယ်လေးခုမှာ သေဆုံးသူ ၃၀၄၇ ဦးရှိပြီး ဒဏ်ရာရသူ ၂၅၉၃ ဦး ရှိတယ်လို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံတစ်ဝန်းမှာ ငလျင်ကြောင့် သေဆုံးသူ ၃၅၁၄ ဦးအထိရှိလာပြီး ဒဏ်ရာရသူ ၄၈၀၉ ဦးရှိကြောင်း ဧပြီလ ၆ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။