ငလျင်ကြောင့် သေဆုံးသူ ၃၇၀၀ ကျော်အထိ ရှိလာ

စစ်ကောင်စီနဲ့ မီးသတ်ဦးစီးဌာနရဲ့ ဧပြီလ ၁၁ ရက်နေ့ည ထုတ်ပြန်ချက်နှစ်ခုအရ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ ကျော်အထိ ရှိလာပါတယ်။

မန္တလေးမြို့ Great Wall Hotel အဆောက်အအုံပျက်မှ ရုပ်အလောင်းကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့ညက သယ်ထုတ်လာကြစဉ်။ Myanmar Fire Services Department

စစ်ကောင်စီနဲ့ မီးသတ်ဦးစီးဌာနရဲ့ ဧပြီလ ၁၁ ရက်နေ့ည ထုတ်ပြန်ချက်နှစ်ခုအရ မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် နိုင်ငံတစ်ဝန်း သေဆုံးသူ ၃၇၀၀ ကျော်အထိ ရှိလာပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ နိုင်ငံပိုင် MRTV သတင်းမှာ ဧပြီလ ၁၁ ရက် ညနေ ၆ နာရီအထိ သေဆုံးသူ ၃၆၈၉ ဦး၊ ဒဏ်ရာရရှိသူ ၅၀၂၀ ဦးနဲ့ ပျောက်ဆုံးသူ ၁၃၉ ဦးအထိ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနကလည်း ဧပြီလ ၁၁ ရက် ည ၇ နာရီနောက်ပိုင်းမှာ မန္တလေးမြို့ Great Wall Hotel အဆောက်အအုံပျက်ကနေ နောက်ထပ် ရုပ်အလောင်းငါးလောင်းကို ထပ်မံတွေ့ရှိခဲ့တယ်လို့ ဧပြီလ ၁၁ ရက်နေ့ ညက ထုတ်ပြန်ပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်း ဆက်လက်လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ငလျင်ဘေးဒဏ်သင့်ဒေသမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ အရပ်ဘက်လူမှုကူညီရေးအဖွဲ့တွေကတော့ ငလျင်ကြောင့် အမှန်တကယ်သေဆုံးထိခိုက်သူအရေအတွက်ဟာ စစ်ကောင်စီထုတ်ပြန်ချက်ထက် ပိုများနိုင်တယ်လို့ ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org