မြန်မာ့တပ်မတော်နဲ့ ပိုမိုအနီးကပ်ဆက်ဆံလိုကြောင်း တရုတ်ပြောကြား

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ဖို့အတွက် မြန်မာ့တပ်မတော်နဲ့ ပိုပြီး နီးနီးကပ်ကပ်ဆောင်ရွက်လိုကြောင်း တရုတ်အစိုးရရဲ့ အကြီးတန်း စစ်ဘက်အရာရှိကြီးတဦးက ပြောဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်နှင့် ပူးတွဲစစ်ဦးစီးဌာနစစ်ဦးစီးချုပ် Gen. Li Zuocheng က ပေကျင်းမြို့မှာ နိုဝင်ဘာလ ၂၂ ရက်နေ့က ကြိုဆိုစဉ် Photo: Senior General Min Aung Hlaing Facebook

ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ကာကွယ်ဖို့အတွက် မြန်မာ့တပ်မတော်နဲ့ ပိုပြီး နီးနီးကပ်ကပ်ဆောင် ရွက်လိုကြောင်း တရုတ်အစိုးရရဲ့ အကြီးတန်း စစ်ဘက်အရာရှိကြီးတဦးက ပြောဆိုပါတယ်။

တရုတ်ပြည်ကိုရောက်ရှိနေတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်နိုင်ငံ ဗဟိုစစ်ရေးကော်မရှင် အကြီးအကဲတဦးဖြစ်တဲ့ လီရှန့်ယန်းက ဘေဂျင်းမြို့တော်မှာ တွေ့ဆုံစဉ်အတွင်း ပြောကြားခဲ့တာပါ။

တရုတ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စည်ပင်ဝပြောမှုဟာ မြန်မာပြည်တိုးတက်ဖွံ့ဖြိုးဖို့အတွက် အရေးကြီးတဲ့ အခွင့် အလမ်းတရပ်ဖြစ်ကြောင်း၊ ဒေသတွင်းလုံခြုံရေးအခြေအနေ ရှုတ်ထွေးပြီး၊ အပြောင်းအလဲတွေ မြန်ဆန်နေချိန်မှာ တရုတ်နဲ့ မြန်မာတပ်မတော်နှစ်ရပ်ကြားက မဟာဗျူဟာမြောက် အပြန်အလှန်ဆက်သွယ်ရေးကို ထိန်းသိမ်းထား လိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မြန်မာ့ပြည်တွင်းရေး တည်ငြိမ်အောင်ဆောင်ရွက်ရာမှာ တရုတ်ပြည်က အကူအညီပေးတဲ့အတွက် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း ပြောဆိုခဲ့တယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အခုလတ်တလော နိုင်ငံတကာက ပြောဆိုနေတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည် ကိစ္စနဲ့ပတ်သက်လို့တော့ တစ်စုံတရာ မဖော်ပြဘူးလို့ ရိုက်တာသတင်းက ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org