အသက် ၅နှစ်အောက် ကလေးငယ် ၁၅၀ နေ့စဉ် သေဆုံးနေရ
မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက် ကလေး တစ်နေ့ကို အယောက် ၁၅၀ လောက် သေဆုံးနေရပြီး၊ အဲဒီထဲက ၃၀ ရာ ခိုင်နှုန်းလောက်ဟာ အာဟာရချို့တဲ့မှုကြောင့် သေ ဆုံး ရတာဖြစ်တယ်လို့ ယူနီဆက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ပြောပါတယ်။
-
2017-05-24 -
-
-
နေမကောင်းဖြစ်နေတဲ့ ကလေးငယ်ကို ထွေးပွေ့ထားတဲ့ အမျိုးသမီးတဦးကို တွေ့ရစဉ်
(Photo: AFP)
မြန်မာနိုင်ငံမှာ အသက် ၅ နှစ်အောက်ကလေး တစ်နေ့ကို အယောက် ၁၅၀ လောက် သေဆုံးနေရပြီး၊ အဲဒီထဲက ၃၀ ရာခိုင်နှုန်းလောက်ဟာ အာဟာရချို့တဲ့မှုကြောင့် သေဆုံးရတာဖြစ်တယ်လို့ ယူနီဆက် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့က ပြောပါတယ်။
စစ်ဖြစ်ပွားမှု၊ ဆင်းရဲမွဲတေမှု၊ ဒေသမဖွံ့ဖြိုးမှုတွေကြောင့် ဝေးလံတဲ့ နယ်စပ်ဒေသတွေက ကလေးငယ် ၂.၂ သန်း ခန့်ဟာ ငြိမ်းချမ်းမှုမရှိပဲ၊ အနာဂတ်မျှော်လင့်ချက် ပျောက်ဆုံးနေကြရတယ်လို့ ယူနီဆက် အဖွဲ့ရဲ့ အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာ ကလေးငယ် တဝက်လောက်ဟာ ပညာသင်ကြားမှု မပြီးဆုံးပဲ အရွယ်ရောက်ကြရကြောင်း၊ မသန်စွမ်းကလေးငယ် ၃ ယောက်မှာ ၂ ယောက်က ကျောင်းမတက်ကြဘူးလို့ ဆိုပါတယ်။