မြန်မာ့အရေးအတွက် အမေရိကန်အစိုးရသစ် စဉ်းစားရဖို့ရှိနေ

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အစိုးရအဖွဲ့ဟာ မြန်မာ့အရေးအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရဖို့ ရှိနေတယ်လို့ အမေရိကန်အခြေစိုက် The Eurasia Review က နိုဝင်ဘာလ ၆ ရက်နေ့ ဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

ရီပတ်ဘလီကန်ပါတီဝင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် ဒီမိုကရက်တစ်ပါတီဝင် ကာမလာဟဲရစ် တို့အား တွေ့ရစဉ်။ Charly TRIBALLEAU / AFP

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့အစိုးရအဖွဲ့ဟာ မြန်မာ့အရေးအတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ရဖို့ ရှိနေတယ်လို့ အမေရိကန်အခြေစိုက် The Eurasia Review က နိုဝင်ဘာလ ၆ ရက်နေ့ ဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသားထားပါတယ်။

ဒီရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီဝင် ကာမလာ ဟဲရစ် အနိုင်ရခဲ့ရင် လက်ရှိ အမေရိကန်အစိုးရက မြန်မာ့အရေးအတွက် ထောက်ပံ့ကူညီမှုတွေမှာ လိုအပ်ချက်တွေကို ဖြေရှင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသားလုံခြုံရေးကို အဓိကထားတဲ့ ရီပတ်ဘလီကန် ပါတီဝင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကသာ ရွေးကောက်ပွဲမှာအနိုင်ရခဲ့ရင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး မူဝါဒအသစ်တွေချမှတ်ရဖို့ ရှိနေတယ်လို့ ဖော်ပြပါတယ်။

မြန်မာ့အရေးဟာ ဒီမိုကရေစီမြှင့်တင်ရေး ဦးဆောင်နိုင်မှုကို ပြသဖို့နဲ့ အရှေ့တောင်အာရှမှာ မဟာဗျူဟာမြောက် အကျိုးစီးပွားကို ဖြစ်ထွန်းစေရေးအတွက် အသစ်တက်လာမယ့် အမေရိကန်အစိုးရအဖွဲ့အတွက် အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံကထွက်ရှိတဲ့ မြေရှားသတ္တုကို တရုတ်နိုင်ငံက အဓိကတင်သွင်းနေမှုနဲ့ အမေရိကန်နိုင်ငံအတွက် အရေးပါတဲ့ မြေရှားသတ္တုကုန်ကြမ်းလိုအပ်ချက်အတွက် တရုတ်နိုင်ငံကို မှီခိုနေရတဲ့ အခြေအနေတွေကိုလည်း The Eurasia Review က ဖော်ပြတဲ့ ဆောင်းပါးမှာ ထောက်ပြထားပါတယ်။

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၅ ရက်နေ့မှာ စတင်ကျင်းပနေပြီး ဒီနေ့ နေ့လယ်ပိုင်း အချိန်အထိ ထွက်ရှိလာတဲ့စာရင်းတွေအရ ဒေါ်နယ်ထရမ့်က မဲအရေအတွက် အသာရရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org