MPC ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လွှတ်တော်မှာ ဆွေးနွေးမည်
မြန်မာငြိမ်းချမ်းရေးစင်တာက ဆောင် ရွက်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက် ပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဆွေးနွေးသွား ဖို့ရှိတယ်လို့ သိရပါတယ်။
-
2014-10-19 -
-
-
Your browser doesn’t support HTML5 audio
မြန်မာငြိမ်းချမ်းရေးစင်တာက ဆောင်ရွက်နေ တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းဆွေးနွေးသွားဖို့ရှိတယ်လို့ သိရပါတယ်။
နေပြည်တော်မှာ ဒီနေ့ ကျင်းပတဲ့ "ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ လွှတ်တော်ရဲ့အခန်းကဏ္ဍ"ဆို တဲ့ ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတွေနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေ သဘောတူဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ က ပြောပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဘယ်အချိန်မှာ လွှတ်တော်ကို တင်သွင်းသွားမယ်ဆိုတာကို မြန်မာ ငြိမ်းချမ်းရေးစင်တာက အတိအကျပြောဆိုတာတော့ မရှိသေးဘူးလို့ဆိုပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ နောင်လာမယ့် အစိုးရတာဝန်ယူမယ့်အချိန်မှသာ စတင်နိုင်မှာဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရသက်တမ်းအတွင်း တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့ကိုသာ ဦးတည်လုပ်ဆောင်နေ တာ ဖြစ်တယ်လို့လဲသူက ပြောပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးလှဆွေကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက ဆက်သွယ်မေးမြန်ထား ပါတယ်။