မန္တလေး Sky Villa ကွန်ဒိုက ရှာတွေ့တဲ့ ရုပ်အလောင်း ၁၀၀ ကျော်ရှိလာ

မန္တလေးမြို့ မှာ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒို အဆောက်အဦကနေ ဧပြီလ ၂၇ ရက်နေ့အထိ ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်း ၁၀၇ လောင်းအထိ ရှိလာတယ်လို့ စစ်ကောင်စီရဲ့ မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ပါတယ်။

မန္တလေးမြို့ Sky Villa အဆောက်အဦမှ ရုပ်အလောင်းတစ်ခုအား ၂၀၂၅ ဧပြီ ၂၇ ရက်နေ့က သယ်ထုတ်လာကြစဉ်။ Myanmar Fire Services Department

မန္တလေးမြို့ မှာ မတ်လ  ၂၈ ရက်နေ့ ငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒို အဆောက်အဦကနေ ဧပြီလ ၂၇ ရက်နေ့အထိ ရှာဖွေတွေ့ရှိတဲ့ ရုပ်အလောင်း ၁၀၇ လောင်းအထိ ရှိလာတယ်လို့ စစ်ကောင်စီရဲ့ မန္တလေးမြို့ တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ပါတယ်။

ဒီကွန်ဒိုကနေ လူ ၅၂ ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး နောက်ထပ်လည်း သေဆုံးသူတွေရဲ့ ရုပ်အလောင်း အတော်များများကျန်ရှိနေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကွန်ဒိုအပြိုအပျက်အောက်ကနေ အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း ဧပြီလ ၂၇ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပြီး ဒီနေ့မှာလည်း ဖယ်ရှားရှင်းလင်းရေးတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ် အစရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ ဧပြီလ ၂၇ ရက်နေ့အထိ ငလျင်ကြောင့် သေဆုံးသူ ၃၇၆၉ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၅၁၀၆ ဦးနဲ့ ပျောက်ဆုံးနေသူ ၁၀၇ ဦး ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org