သံဃာတော် သွေးမြေကျခဲ့တဲ့ နေရာတွေမှာ သံဃာတွေ ပန်းခွေချ
စက်တင်ဘာ ရွှေဝါရောင် သံဃာ့ အရေးအခင်း ၃ နှစ်ပြည့် ဝမ်းနည်းခြင်း အထိမ်းအမှတ် အနေနဲ့ စစ်အစိုးရ အာဏာပိုင်တွေရဲ့ ရိုက်နှက်ခံရပြီး သွေးမြေကျခဲ့တဲ့ နေရာတွေနဲ့ ပျံလွန်တော်မူခဲ့တဲ့ နေရာတွေမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့က သံဃာတော်တွေ ဦးဆောင် သွားရောက်ပြီး ပန်းခွေ ချခဲ့ကြတယ်လို့ သိရပါတယ်။
-
2010-09-26 -
-
-
Your browser doesn’t support HTML5 audio
၂၀ဝ၇ စက်တင်ဘာလက ရန်ကုန်မြို့တွင်း သံဃာတော်တွေ ရိုက်နှက်ခံခဲ့ရတဲ့ နေရာတွေမှာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပန်းခွေ ချခဲ့ကြတယ်လို့ မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစု ပြောရေးဆိုခွင့်ရှိသူ အရှင် သီလဝံသ က အာအက်ဖ်အေကို အခုလို မိန့်ကြားပါတယ်။
ဒါ့အပြင် ၂၀ဝ၇ စက်တင်ဘာလအတွင်း သံဃာတွေ ရိုက်နှက်ခံခဲ့ရတဲ့ အထောက်အထား ဓာတ်ပုံတွေကိုလည်း ကူးယူ ဖြန့်ဝေခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲကို မဲမပေးပဲ ဆန့်ကျင်ကြဖို့ နိုးဆော်စာတွေကိုလည်း ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။
နေ့လည်ပိုင်းမှာ ရန်ကုန်မြို့က ဘုန်းကြီးကျောင်းတခုမှာ သံဃာတွေ စုစည်းပြီး မေတ္တာသုတ် ရွတ်ဖတ် သရဇ္ဈယ်တာတွေ ကမ္မာဝါစာ ရွတ်ဖတ်တာတွေ လုပ်ဆောင်ခဲ့သလို သံဃာတော်တွေကို တောင်းပန်ဖို့ ပြောဆိုထားတဲ့အပေါ် စစ်အစိုးရက တစုံတရာ တုန့်ပြန်မှု မရှိခဲ့တဲ့အတွက် ပတ္တနိက္ကုဇ္ဇုနကံလည်း ဆက်လက် ဆောင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အလားတူ မန္တလေးမြို့ ဘုရားကြီးမှာလည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေနဲ့ သံဃာတော်တွေ ဆီမီးထွန်း ပူဇော်၊ အမွေးနံ့သာ ပက်ဖြန်းပြီး ဆုတောင်း မေတ္တာပို့သမှုတွေ လုပ်ခဲ့ကြသလို စစ်တွေမြို့မှာလည်း သံဃာတော်တွေ စုပေါင်း ကမ္မဝါ ဖတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအကြောင်း အာအက်ဖ်အေသတင်းထောက် ကိုအောင်မိုးမြင့် ဆက်သွယ်မေးမြန်းပြီး သတင်း ပေးပို့ထားတာကို နားဆင်နိုင်ပါတယ်။
သတင်းပေးပို့ချက်။ |
|
အသံဖိုင်ယူရန်။ |