မျိုးစောင့်ဥပဒေတွေ အမြန်ဆုံးပြဌာန်းရေး သံဃာတော်တွေ လှုပ်ရှားမှုစတင်

မျိုးစောင့်ဥပဒေတွေကို အမြန်ဆုံးပြဌာန်းပေးဖို့အတွက် အမျိုးဘာသာသာသနာစောင့်ရှောက်ရေး အဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်း ၂၈ မြို့နယ်က သံဃာအပါး ၁၀၀ ခန့် ရန်ကုန်မြို့ ရွှေတိဂုံစေတီ ဘုရားပေါ်မှာ ဒီနေ့ ဆုတောင်းခဲ့ပြီးနောက် ဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး ကြေးသွန်းဘုရားရှေ့ မှာ ဟောပြောပွဲကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအသင်း(ဗဟို)ရဲ့ တစ်နှစ်ပြည့် ညီလာခံကို ဇွန်လ ၂၁ ရက်နေ့က ရန်ကုန်မြို့ အင်းစိန် မြို့နယ် အောင်ဆန်းတောရတပ်ဦး ဘုန်းကြီးကျောင်းမှာ ကျင်းပစဉ် Photo: Tun Myint / RFA

မျိုးစောင့်ဥပဒေတွေကို အမြန်ဆုံးပြဌာန်းပေးဖို့အတွက် အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်ပေါင်း ၂၈ မြို့နယ်က သံဃာအပါး ၁၀၀ ခန့် ရန်ကုန်မြို့ ရွှေတိဂုံစေတီ ဘုရားပေါ်မှာ ဒီနေ့ ဆုတောင်းခဲ့ပြီးနောက် ဆရာတော် ဦးပါမောက္ခ ဦးဆောင်ပြီး ကြေးသွန်းဘုရားရှေ့ မှာ ဟောပြောပွဲ ကျင်းပခဲ့ပါတယ်။

ဒီဟောပြောပွဲကို အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ရဲ့ ညွှန်ကြားချက် နဲ့ ဆောင်ရွက်တာဖြစ်ပြီး ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး မြန်မာနိုင်ငံတဝှမ်းလုံး ဒီဥပဒေ ကို ပြဌာန်းနိုင်ဖို့ ဟောပြောပွဲတွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆရာတော်က မိန့်ကြား ပါတယ်။

"မျိုးစောင့်ဥပဒေ အမြန်ပြဌာန်းနိုင်ရေးအတွက် လူထုဆန္ဒခံယူတောင်းဆိုပွဲကြီးကို ယခုရန်ကုန်က စပြီးတော့ နောက်ထပ် မြန်မာတပြည်လုံး အတိုင်းအတာအဖြစ် ဆက်လက်ပြီးတော့ လှုပ်ရှားသွားမှာဖြစ်ပါတယ်"

အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး (ဗဟို) ဥက္ကဌ ဘဒ္ဒန္တတိလောကာဘိဝံသက ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ၊ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ စတဲ့ မျိုးစောင့်ဥပဒေတွေကို ပြဌာန်းပေး ဖို့ နိုင်ငံတော်သမ္မတထံ ၂၀၁၄ ခုနှစ် ဇူလိုင် ၉ ရက်နေ့က စာရေးသားတောင်းဆိုခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်က မျိုးစောင့်ဥပဒေတွေရေးဆွဲပြီး လွှတ်တော်ကို တင်ပြနိုင်ရေးအတွက် အဖွဲ့ဝင် ၁၂ ဦးပါ မျိုးစောင့်ဥပဒေ ရေးဆွဲရေးကော်မရှင်ကို ၂၀၁၄ ခုနှစ် မတ်လ ၇ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org