မွန်ပြည်နယ် အစိုးရဝန်ကြီးဌာန နှစ်ခု တာဝန်ပြောင်းပေးအပ်
မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးတွေအဖြစ် တာဝန်ယူပေးဖို့ လက်ရှိ အစိုးရအဖွဲ့ဝင် ဝန်ကြီး နှစ်ယောက်ဖြစ်တဲ့ ဦးမင်းထင်အောင် ဟန်နဲ့ ဦးဝဏ္ဏကျော်တို့ကို ယာယီတာဝန် ပေးအပ်လိုက် ပါတယ်။
-
2017-03-03 -
-
-
မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လစ်လပ်နေတဲ့ စည်ပင်သာယာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတွေရဲ့ ဝန်ကြီးတွေအဖြစ် တာဝန်ယူပေးဖို့ လက်ရှိအစိုးရအဖွဲ့ဝင် ဝန်ကြီး နှစ်ယောက်ဖြစ်တဲ့ ဦးမင်းထင်အောင်ဟန်နဲ့ ဦးဝဏ္ဏကျော်တို့ကို ယာယီတာဝန် ပေးအပ်လိုက်ပါတယ်။
ဒီကနေ့ မွန်ပြည်နယ်လွှတ်တော်မှာ တာဝန်လွှဲပြောင်းကြောင်း ကြေညာခဲ့တာ ဖြစ်တယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လျှပ်စစ်၊ စွမ်းအင်နဲ့ စက်မှုလက်မှုဝန်ကြီး ဦးမင်းထင်အောင်ဟန် က ပြောပါတယ်။
"ယာယီလွှဲထားတာပေါ့၊ စည်ပင်က ကျနော့်ကိုလွှဲတယ်၊ ဆောက်လုပ်ရေးက စီမံဘဏ္ဍာဝန်ကြီး ဦးဝဏ္ဏကျော် ကို လွှဲတယ်၊ အဲဒီအောက်မှာရှိတဲ့ ဦးစီးဌာနတွေပါ တွဲကိုင်ရမှာပေါ့၊ အဲဒါလေးပဲ လုပ်တာပါ။"
ဦးမင်းထင်အောင်ဟန်ဟာ လက်ရှိ လျှပ်စစ်၊ စွမ်းအင်နဲ့ စက်မှုလက်မှုဝန်ကြီးအဖြစ် တာဝန်ယူထားတာ ဖြစ်သလို ဦးဝဏ္ဏကျော်ဟာလည်း စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူထားတာကြောင့် ဌာနနှစ်ခုစီကို ပူးတွဲတာဝန်ယူရတော့မှာ ဖြစ်ပါတယ်။
အရင်က စည်ပင်သာယာရေးဝန်ကြီးဌာနနဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနတွေကို ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦး က ပူးတွဲတာဝန်ယူခဲ့တာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ဟောင်း ဦးမင်းမင်းဦးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ဝန်ကြီးချုပ်နဲ့ ပြည်နယ်ဝန်ကြီးဌာန ၂ ခုရဲ့ ဝန်ကြီးအဖြစ်ကနေ နှုတ်ထွက်ကြောင်း စာတင်ခဲ့ပြီး နိုင်ငံတော်သမ္မတက ၂၃ ရက်နေ့ မှာ နှုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။
မွန်ပြည်နယ်ဝန်ကြီးချုပ်သစ်အဖြစ် တာဝန်ပေးအပ်ခံရတဲ့ ဒေါက်တာအေးဇံဟာ ဝန်ကြီးချုပ်တာဝန်တစ်ခုတည်းကို သာ တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်တယ်။