၂၁ ဦးကော်မတီနဲ့တွေ့ဖို့ကိစ္စ စဉ်းစားမယ်လို့ မွန်အမျိုးသားပါတီ ပြော
မွန်အမျိုးသားကိုယ်စားပြု ပါတီဖြစ်မြောက်ရေအဖွဲ့ (၂၁ ဦးကော်မတီ) ကနေ တွေ့ဆုံဆွေးနွေးဖို့ တရားဝင်ကမ်းလှမ်းပြီး ဆွေးနွေးမယ့်အကြောင်းအရာ တိတိကျကျသိရမယ်ဆိုရင် လက်ခံ စဉ်းစားပေးသွားမယ်လို့ မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောပါတယ်။
-
2018-01-18 -
-
-
မွန်အမျိုးသားကိုယ်စားပြု ပါတီဖြစ်မြောက်ရေအဖွဲ့ (၂၁ ဦးကော်မတီ) ကနေ တွေ့ဆုံဆွေးနွေးဖို့ တရားဝင်ကမ်းလှမ်း ပြီး ဆွေးနွေးမယ့်အကြောင်းအရာ တိတိကျကျသိရမယ်ဆိုရင် လက်ခံစဉ်းစားပေးသွားမယ်လို့ မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောပါတယ်။
မွန်အမျိုးသားကိုယ်စားပြုပါတီ ဖြစ်မြောက်ရေးအဖွဲ့ (၂၁ ဦးကော်မတီ) နဲ့ တွေ့ဆုံဖို့ကိစ္စနဲ့ပတ်သက်ပြီး မွန်အမျိုးသား ပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမ က အခုလိုပြောတာ ဖြစ်ပါတယ်။
"ဘယ်လိုဆုံးဖြတ်ချက် ချသည်ဖြစ်စေ၊ သူတို့က တွေ့ဆုံမှု တရားဝင် ကမ်းလှမ်းလာမယ်၊ တွေ့ဆုံမယ့် အကြောင်းရင်းကို ကျနော်တို့က သိပြီးမှ စဉ်းစား ဆုံးဖြတ်လို့ရမယ်လေ။ ကမ်းလှမ်းလာမယ်ဆိုရင် ဆွေးနွေးမယ့် အကြောင်းအရာပေါ် မူတည်ပြီးတော့ ကျနော်တို့က စဉ်းစားဆုံးဖြတ်သွားမယ်။ အဲလောက်ပဲ ပြောပါရစေ"
မွန်တစ်မျိုးသားလုံးကို ကိုယ်စားပြုတဲ့ ပါတီတရပ်ကို ၆ လအတွင်း ထူထောင်ဖို့နဲ့ ၃ လအတွင်း မွန်နိုင်ငံရေးပါတီနှစ်ခု ကို ပူးပေါင်းပါဝင်နိုင်အောင် ဆွေးနွေးဖို့အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က ပြုလုပ်ခဲ့တဲ့ မွန်ပြည်သူ့ ညီလာခံ ကနေ ဆုံးဖြတ်ချက်ချလိုက်ပါတယ်။
ဒီပါတီဖြစ်မြောက်ရေးအတွက် ၂၁ ဦးကော်မတီကို ဖွဲ့စည်းပြီး မွန်နှစ်ပါတီစလုံးကို တွေဆုံရေးလုပ်ဖို့နဲ့ ၆ လအတွင်း ပါတီဖွဲ့စည်းပုံ၊ အလံနဲ့ ပါတီတံဆိပ်တွေ ရေးဆွဲဖို့ ညီလာခံကနေ တာဝန်ပေးလိုက်ပါတယ်။
၂၁ ဦးကော်မတီ ပြောရေဆိုခွင့်ရှိသူ ဒေါက်တာအောင်နိုင်ဦးကတော့ မွန်အမျိုးသားကိုယ်စားပြုပါတီမှာ မွန်အမျိုးသား ပါတီနဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ၃၀ ရာခိုင်နှုန်းစီ၊ မွန်နိုင်ငံရေး စိတ်ဝင်စားသူတွေက ၃၀ ရာခိုင်နှုန်းနဲ့ မွန်အမျိုးသမီးပါတီနဲ့ အခြားတတ်သိပညာရှင်တွေ အရပ်ဖက်တွေက ၁၀ ရာခိုင်နှုန်း ပါဝင်နိုင်အောင် ဆောင်ရွက်သွား မယ်လို့ ပြောပါတယ်။
မွန်နှစ်ပါတီလုံးကို ပူးပေါင်းပါဝင်အောင် တွေဆုံညှိနှိုင်းသွားမယ်လို့လည်း ပြောပါတယ်။
မွန်ပြည်သူ့ညီခံ မကျင်းပခင်က မွန်အမျိုးသားပါတီက ညီလာခံကိုအသိအမှတ်မပြုကြောင်းနဲ့ ထွက်ပေါ်လာမယ့် ထုတ်ပြန်ချက်တွေကို အသိအမှတ်မပြုဘူးလို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပါတယ်။