မွန်ပြည်နယ်လွှတ်တော် ဒု ဥက္ကဌ အသစ်ရွေး

မွန်ပြည်နယ်လွှတ်တော်မှာ လစ်လပ်သွား တဲ့ လွှတ်တော်ဒုတိယဥက္ကဌ တာဝန် အတွက် အစားထိုးခန့်အပ်ဖို့ လွှတ်တော် ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ရာမှာ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီက ပြည်နယ်ကိုယ်စားလှယ် ဒေါက် တာ အောင်နိုင်ဦးက မဲအများဆုံးရပြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဖြစ်သွားပါတယ်။

မွန်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဌ ဒေါက်တာအောင်နိုင်ဦး ကို တွေ့ရစဉ် Photo: Kyaw Lwin Oo/ RFA

မွန်ပြည်နယ်လွှတ်တော်မှာ လစ်လပ်သွားတဲ့ လွှတ်တော်ဒုတိယဥက္ကဌ တာဝန်အတွက် အစားထိုးခန့်အပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက မဲပေးရွေးချယ်ရာမှာ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပြည်နယ်ကိုယ်စား လှယ် ဒေါက်တာ အောင်နိုင်ဦးက မဲအများဆုံးရပြီး လွှတ်တော် ဒုတိယဥက္ကဌ  ဖြစ်သွားပါတယ်။

မွန်ပြည်နယ် လွှတ်တော်မှာ အန်အယ်လ်ဒီပါတီ ကိုယ်စားလှယ် အများစုဖြစ်ပြီး သူ့ကို ပြည်သူလူထု မျက်နှာကြည့် ပြီး ထောက်ခံပေးကြတာလို့ မှတ်ယူကြောင်း ဒုတိယလွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဒေါက် တာအောင်နိုင်ဦးက ပြောပါတယ်။

"NLD ဖက်ကလည်း သူတို့ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့သူကိုရွေးချယ် ပြီးတော့ အားပေးထောက်ခံခဲ့ခြင်းဖြစ်တယ်လို့ ကျနော်မြင်တယ်၊ ရှေ့ဆက်ပြီးတော့ ကျနော်တို့လွှတ်တော် က ပိုပြီးတော့ ဒီမိုကရက်တစ်ဆန်လာ လိမ့်မယ်လို့ ကျနော်ယုံကြည်တယ်ခင်ဗျ၊ ဒီနေ့ရလဒ်သည် ပါတီအစွဲ ထက်ကို ပြည်သူလူထုအတွက်၊ ပြည်နယ်သားတွေအတွက် တစ်ကယ့်ကိုအရေးပါတဲ့ကိစ္စတွေမှာ ပါတီအစွဲ ထက်ပြည်သူလူထုတွက်ကို ဦးစားပေးပြီးတော့ ဆုံးဖြတ်ကြတယ်ဆိုတဲ့ အဖြေကတော့ထင်ရှားပါတယ်"

မွန်ပြည်နယ်လွှတ်တော်မှာ အန်အယ်လ်ဒီကိုယ်စားလှယ် ၁၉ ဦး၊ မွန်အမျိုးသားပါတီက ၂ ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၁ ဦး၊ ကြံ့ခိုင်ရေးပါတီက ၁ ဦး နဲ့ တပ်မတော်သား ကိုယ်စားလှယ် ၈ ဦးရှိပါတယ်။

အရင်က မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ တာဝန်ကို ဦးမင်းမင်းဦးက တာဝန်ယူခဲ့တာဖြစ်ပြီး ဝန်ကြီးချုပ်ဖြစ် သွားတဲ့အတွက် လစ်လပ်သွားတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org