မွန်နှစ်ပါတီ ပေါင်းစည်းရေး ကြိုးစားမည်
လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမတိုင်ခင် မွန်နိုင်ငံရေးပါတီနှစ်ခု ပေါင်းစည်းနိုင်အောင် ကြိုးစားသွား မယ်လို့ မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမ က ဒီနေ့ ပြောပါတယ်။
-
2018-01-03 -
-
-
လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမတိုင်ခင် မွန်နိုင်ငံရေးပါတီနှစ်ခု ပေါင်းစည်းနိုင်အောင် ကြိုးစားသွားမယ်လို့ မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမ က ဒီနေ့ ပြောပါတယ်။
ပါတီနှစ်ခုပေါင်းစည်းရေးအတွက် ၂၀၂၀ မတိုင်ခင် တွေ့ဆုံပွဲတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ နိုင်လယီတမ က ပြော ပါတယ်။
"နှစ်ပါတီပေါင်းစည်းရေး နှစ်ဖက်ဆွေးနွေးပွဲတွေကို ကျနော်တို့ဆက်တိုက်လုပ်သွားမယ်၊ နှစ်ပါတီပေါင်းစည်းရေး က နိုင်ငံရေးပါတီတွေက နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးစရာတွေရှိတဲ့အတွက် ဘယ်နေ့ဘယ်ရက်မှာ ပြီးပြတ် မယ်၊ ဘယ်ရက်မှာ ပေါင်းနိုင်မယ်ဆိုတာ ယတိပြတ်ပြောရခက်ပါတယ်၊ ကျနော်တို့ ရည်မှန်းထားတာက ၂ဝ၂ဝ မတိုင်ခင်ပေါ့ စောနိုင်သမျှစောတာ အကောင်းဆုံးပေါ့၊ သို့သော်လည်း နိုင်ငံရေးအရ ထင်သလောက် မစောနိုင် တဲ့အခါကျတော့လည်း နောက်ကျသွားတယ်ဆိုတာလည်း မရှိပါဘူး"
မနေ့က မော်လမြိုင်မြို့ ပိုင်ခေတ်ခန်းမမှာ နှစ်ပါတီက ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်တဲ့ ပထမဆုံးအကြိမ်တွေ့ဆုံ ပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲအပြီးမှာ နှစ်ပါတီကိုယ်စားလှယ်တွေ တစ်လတစ်ကြိမ် တွေ့ဆုံပွဲပြုလုပ်ဖို့၊ အမျိုးသားနိုင်ငံရေးမှာ နှစ်ပါတီ ပူးပေါင်းလုပ်ဆောင်ဖို့၊ ၂၁ ပင်လုံညီလာခံ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို နှစ်ပါတီ ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆက်လက်ဆွေးနွေးဖို့ စတဲ့ အချက် ၇ ချက်ပါတဲ့ နှစ်ပါတီ ပူးတွဲထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။
နှစ်ပါတီခေါင်းဆောင်တွေက ပါတီဖွဲ့စည်းပုံတွေကို အပြန်အလှန်ပေးပို့သွားပြီး ယုံကြည်မှု တည်ဆောက်သွားမယ် လို့လည်း ပါရှိပါတယ်။
အခုလိုနှစ်ပါတီခေါင်းဆောင်တွေ တေ့ွဆုံမှုဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ ဒါပထမဆုံးဖြစ်ပြီး နှစ်ပါတီကိုယ်စား လှယ်တွေ တွေ့ဆုံတာကတော့ ၃ ကြိမ်မြောက်ဖြစ်ပါတယ်။
၂၀၁၅ ခုနှစ် မတိုင်ခင်က နှစ်ပါတီပေါင်းစည်းရေးကို နှစ်ဖက်ကိုယ်စားလှယ်တွေ ကြိုးစားခဲ့ပြီး နောက်ပိုင်း မွန် သံဃာတော်တွေ၊ မွန်အရပ်ဖက်အဖွဲ့တွေပါဝင်တဲ့ မွန်ပါတီပေါင်းစည်းရေးအဖွဲ့က ပေါင်းစည်းရေးဆက်လက်ပြု လုပ်ခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။