လူ့အခွင့်အရေးကော်မရှင်ရုံးခွဲ စစ်တွေမြို့မှာ ဖွင့်လှစ်ထား

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးခွဲကို ပြီးခဲ့တဲ့ မေလက စတင်ဖွင့်လှစ်ထားပြီးဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

ရန်ကုန်မြို့ ပြည်လမ်းမပေါ်က မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးကို တွေ့ရစဉ် ဓါတ်ပုံ - မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးခွဲကို ပြီးခဲ့တဲ့ မေလက စတင်ဖွင့်လှစ် ထားပြီးဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင်အဖွဲ့ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

စစ်တွေမြို့ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးရုံးရဲ့ အခန်းတစ်ခုမှာ ဦးစီးအရာအရှိ၊ အကြီးတန်းစာရေးနဲ့ အငယ်တန်းစာရေး တစ်ယောက်စီတို့နဲ့ ဝန်ထမ်း ၃ ဦးခန့်ထားတယ်လို့ ပြောပါတယ်။ လာမယ့်ဇူလိုင်လမှာ ရုံးခန်းဖွင့်ပွဲလုပ်ဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။

လက်ရှိအချိန်အထိတော့ တိုင်ကြားစာတစ်ခုမှတော့ ရောက်မလာသေးသလို တိုင်ကြားစာတွေကို ရုံးချုပ်ကနေပြီး စီမံဆုံးဖြတ်သွားမယ်လို့ ပြောပါတယ်။

လက်ရှိ နေပြည်တော်၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်တို့မှာ ရုံးခန်းဖွင့်လှစ်ထားနိုင်ပြီဖြစ်သလို နောက်ထပ်လည်း ကချင်ပြည်နယ်မှာ ဆက်လက်ဖွင့်ဖို့လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်သူ ပေးပို့တာပါ။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org