MLM ကုမ္ပဏီတွေကို စုံစမ်းစစ်ဆေးမှုတွေ စတင်

မြန်မာနိုင်ငံမှာရှိတဲ့ ဆင့်ပွားကွန်ရက်ချိတ်ဆက်ရောင်းဝယ်တဲ့ စနစ် MLM ကုမ္ပဏီတွေကို ဒီနှစ်ဆန်း ပိုင်းကစပြီး အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်ဆောင်ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဆင့်ပွားကွန်ရက်ချိတ်ဆက်ရောင်းဝယ်တဲ့ MLM စနစ်ပြပုံ Photo: Ministry of Home Affairs Facebook

မြန်မာနိုင်ငံမှာရှိတဲ့ ဆင့်ပွားကွန်ရက်ချိတ်ဆက်ရောင်းဝယ်တဲ့ စနစ် MLM ကုမ္ပဏီတွေကို ဒီနှစ်ဆန်းပိုင်းကစပြီး အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စတင်ဆောင် ရွက်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတိုရဲ့ တာဝန်ပေးချက်အရ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက ဦးဆောင်ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာန၊ အစားအသောက် နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့က ပူးပေါင်းအဖွဲ့အနေနဲ့ စီစစ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၀၉ ခုနှစ်နဲ့ ၂၀၁၁ ခုနှစ်တွေမှာ MLM ပြည်တွင်းကုမ္ပဏီ ၂ ခုနဲ့ ပြည်ပကုမ္ပဏီ ၁ ခုကို စုံစမ်းဖော်ထုတ် တရား စွဲဆိုနိုင်ခဲ့တယ်လို့ ပါရှိပါတယ်။

အဲဒီ MLM စနစ်ဟာ နိုင်ငံတကာမှာ လုပ်ဆောင်နေတဲ့စနစ်မျိုးဖြစ်ပြီး အာဆီယံနိုင်ငံတွေမှာ MLM စနစ်ကို ထိန်းချုပ်နိုင်ရေးအတွက် ဥပဒေတွေပြဌာန်းထားပြီး မြန်မာနိုင်ငံမှာ MLM စနစ်နဲ့ရောင်းချနေတာကို အရေးယူနိုင်ဖို့ ဥပဒေတစ်ရပ်လိုအပ်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

MLM ဟာ ဆင့်ပွားကွန်ရက်ချိတ်ဆက်ရောင်းဝယ်တဲ့စနစ်ဖြစ်ပြီး ရောင်းချတဲ့ ကုန်ပစ္စည်းအရည်အသွေးကို မှန်ကန် စွာပြောဆိုထားခြင်းမရှိဘဲ ပစ္စည်းရောင်းချနိုင်ရေးကိုသာ ဦးတည်ရောင်းချတဲ့ပုံစံဖြစ်ပါတယ်။

ပစ္စည်းများများရောင်းချနိုင်ရင် ကိုယ်စားလှယ်အရေအတွက်များများစုဆောင်းနိုင်ရင် အကျိုးအမြတ်ပိုမို ရရှိမှာဖြစ်ပြီး ဆုကြေးငွေတွေ၊ နိုင်ငံခြားခရီးစဉ်တွေ အခမဲ့ပို့ဆောင်ပေးမယ်ဆိုပြီး မက်လုံးပေး ဆွဲဆောင်ကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org