သတင်းကွန်ရက် အစိုးရကို ကန့်ကွက်
အခုသတင်းပတ်တွေအတွင်း ရန်ကုန်မြို့ မှာဖြစ်ခဲ့တဲ့ အလုပ်သမားဆန္ဒပြပွဲ၊ မြို့တော်ခန်းမရှေ့က ကျောင်းသားသပိတ် ထောက်ခံဆန္ဒပြပွဲနဲ့၊ လက်ပံတန်းမြို့က ကျောင်းသားဆန္ဒပြပွဲတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို အာဏာပိုင်နဲ့ စွမ်းအားရှင်တွေက သိလျက်နဲ့ ရိုက်နှက်ဖမ်းဆီး ထိန်းသိမ်း ခဲ့တဲ့အတွက် မြန်မာ့သတင်းသမားများကွန်ရက် MJN က မနေ့က ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။
-
2015-03-15 -
-
-
အခုသတင်းပတ်တွေအတွင်း ရန်ကုန်မြို့မှာဖြစ်ခဲ့တဲ့ အလုပ်သမားဆန္ဒပြပွဲ၊ မြို့တော်ခန်းမရှေ့က ကျောင်း သားသပိတ် ထောက်ခံဆန္ဒပြပွဲနဲ့၊ လက်ပံတန်းမြို့ က ကျောင်းသားဆန္ဒပြပွဲတွေမှာ သတင်းယူနေတဲ့ သတင်းထောက်တွေကို အာဏာပိုင်နဲ့ စွမ်းအားရှင်တွေ က သိလျက်နဲ့ ရိုက်နှက်ဖမ်းဆီး ထိန်းသိမ်းခဲ့တဲ့ အတွက် မြန်မာ့သတင်းသမားများကွန်ရက် MJN က မနေ့က ဆန့်ကျင်ကန့်ကွက်လိုက်ပါတယ်။
ဒီအတွက် ဒီလုပ်ရပ်တွေအတွက် တာဝန်ရှိတဲ့ သမ္မတ ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီး ဌာနတို့နဲ့ ပတ်သက်တဲ့သတင်းတွေကို ပုဂ္ဂလိက သတင်းစာတွေ၊ ဂျာနယ်တွေမှာ ရက်အကန့်အသတ် တစ်ခုသတ်မှတ်ပြီး ဖော်ပြခြင်းမပြုပဲ၊ ဘာကြောင့် မဖော်ပြလဲ ဆိုတဲ့အကြောင်းကို ရှင်းပြတဲ့စာသားကိုပဲ ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒါ့အပြင် သမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်ပြီး မတ်လ ၂၇ နေ့ကနေ ၂၉ ထိ ရန်ကုန်မြို့မှာ International Press Institute က ကျင်းပမယ့် ညီလာခံကို မြန်မာသတင်းသမားတွေက သပိတ်မှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီလုပ်ရပ်နဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ သတင်းစာတွေ၊ ဂျာနယ်တွေမှာ အစိုးရဆိုင်ရာသတင်းတွေ မဖော်ပြဘူးဆိုတဲ့အပေါ် မှတ်ချက်ပေးစရာမရှိသလို၊ အစိုးရသတင်းတွေကို နိုင်ငံပိုင်မီဒီယာတွေကနေ ဆက်လက်ဖော်ပြသွားမှာဖြစ်ပြီး၊ နိုင်ငံတကာသတင်းညီလာခံကို မတက်ဘဲ သပိတ်မှောက်တာဟာ အစိုးရနဲ့ ဝန်ကြီးဌာနတွေကို ထိခိုက်စရာမရှိဘူးလို့ သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာ မှာရေးသားဖော်ပြထားပါတယ်။