စည်းလုံးမှ ပြောင်းလဲနိုင်မယ်လို့ မင်းကိုနိုင်ပြော
အားလုံးစည်းစည်းလုံးလုံးပါဝင်မှ နိုင်ငံအပြောင်းအလဲလုပ်ဖို့ ဆွေးနွေးလို့ ရနိုင်မယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က မနေ့က ပြောကြားလိုက်ပါတယ်။
-
2013-10-05 -
-
-
Your browser doesn’t support HTML5 audio
အားလုံးစည်းစည်းလုံးလုံးပါဝင်မှ နိုင်ငံအပြောင်းအလဲ လုပ်ဖို့ ဆွေးနွေးလို့ရနိုင်မယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ဦးမင်းကိုနိုင်က မနေ့က ပြောကြားလိုက်ပါတယ်။ ချက်သမ္မတနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ မိသားစုတွေနဲ့ Prague မြို့မှာ ဦးမင်းကိုနိုင် တွေ့ဆုံဆွေးနွေးချိန်မှာ အဲဒီလိုပြောကြား သွားတာလို့ အခမ်းအနားတက်ရောက်ခဲ့တဲ့ Prague မြန်မာ့အဖွဲ့အစည်း ညွှန်ကြားရေး မှူး ဒေါ်စပယ်စိုးက ပြောပါတယ်။
အခမ်းအနားမှာ နိုင်ငံအကျိုးဆောင်ရွက်တဲ့အခါ စိတ်ကောင်းစေတနာကောင်းနဲ့ သတ္တိရှိဖို့ လိုအပ်ရုံမက ပညာလည်း တတ်ဖို့လိုမယ်လို့ ဦးမင်းကိုနိုင်က ပြောပါတယ်။ ဦးမင်းကိုနိုင်ဟာ ချက်သမ္မတနိုင်ငံကို အောက်တိုဘာ ၁ ရက်နေ့မှာ ရောက်ရှိလာပြီး Prague မြို့က ဗားဇလပ်ဟာဗဲလ် စာကြည့်တိုက်က ကျင်းပတဲ့ နိုင်ငံတကာညီလာခံမှာ တက်ရောက်ဆွေးနွေးပါတယ်။ ဒါ့အပြင် People in Need အဖွဲ့က သူ့ကို ၂၀၀၀ ပြည့်နှစ်က ချီးမြှင့်တဲ့ Homo Homini လူ့အခွင့်အရေးဆုကို လက်ခံခဲ့ပြီး မြန်မာနိုင်ငံကို မနေ့က ပြန်လည်ထွက်ခွာသွားပါတယ်။
ဦးမင်းကိုနိုင်နဲ့ မြန်မာမိသားစုတွေရဲ့ ဆွေးနွေးပွဲအကြောင်းနဲ့ People in Need အဖွဲ့က ချီးမြှင့်တဲ့ Homo Honimi လူ့အခွင့်အရေးဆု လက်ခံတဲ့နေ့က ပြောကြားသွားတဲ့စကားကို ဒေါ်စမ်းစမ်းတင်က တင်ပြထားပါတယ်။