ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ကို တပ်မတော် တရားစွဲ
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံပွဲတွေမှာ ဦးဆောင်ပါဝင်ဟောပြောနေသူတချို့ကို တပ်မတော်အပေါ် ဝေဖန်ရေးသားမှုတွေအပေါ် အခြေခံပြီး တပ်မတော်ဖက်က တရားစွဲဆို မှုတွေဟာ ဒီရက်ပိုင်းမှာ များလာပါတယ်။
-
2019-04-05 -
-
-
Your browser doesn’t support HTML5 audio
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ထောက်ခံပွဲတွေမှာ ဦးဆောင်ပါဝင်ဟောပြောနေသူတချို့ကို တပ်မတော်အပေါ် ဝေဖန်ရေးသားမှုတွေအပေါ် အခြေခံပြီး တပ်မတော်ဖက်က တရားစွဲဆိုမှုတွေဟာ ဒီရက်ပိုင်းမှာ များလာပါတယ်။
တပ်မတော်ကို ဝေဖန်ရေးသား ဟောပြောတာတွေပြုလုပ်ခဲ့တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို့ဟာ အခုလက်တလောမှာ တရားစွဲဆိုခံထားရပါတယ်။
သူတို့နှစ်ဦးဟာ NLD ပါတီက ဦးဆောင်ပြုလုပ်နေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးထောက်ခံပွဲတွေမှာ မကြာမကြာ ဝင်ရောက်ဟောပြောနေကြသူတွေဖြစ်ပါတယ်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးကိုတော့ ဧပြီလ ၂ ရက်နေ့က ဆက်သွယ်ရေးပုဒ်မ ၆၆ ဃ နဲ့ ပုဒ်မ ၅ဝ၅(က)တို့နဲ့ တရားစွဲဆိုထားပြီး ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကိုတော့ ဧပြီလ ၃ ရက်နေ့က ပုဒ်မ ၅ဝ၅ (က) ၅ဝ၅ (ခ) တို့နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကတော့ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့မှာ ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲမှာ တပ်မတော်နဲ့ ပတ်သက်ပြီး ပြောဆိုဝေဖန်ခဲ့တာကြောင် တရားစွဲဆိုခံခဲ့ရတာပါ။
လာမယ့် ဧပြီလ ၁၉ ရက်နေ့မှာ တိုက်ကြီးမြို့နယ် တရားရုံးမှာ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို စတင်စစ်ဆေးမှာဖြစ်ပါတယ်။
အလားတူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကတော့ လူမှုကွန်ရက် ဖေ့ဘွတ်စ်စာမျက်နှာပေါ်မှာ တပ်မတော်နဲ့ပတ်သက်ပြီး ဝေဖန်ရေးသားခဲ့တာကြောင့် တရားစွဲဆိုခံရပြီး လာမယ့် ဧပြီလ ၁၂ ရက်နေ့မှာ အင်းစိန်တရာရုံးမှာ စတင်စစ်ဆေးမှာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုထက်အာကာ ပေးပို့လိုက်တာပါ။