မြန်မာပြည်ငြိမ်းချမ်းရေး ဆက်လက်ကူညီဖို့ တရုတ်လိုလား

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ တရုတ်နိုင်ငံက ဆက်လက်ပါဝင်ဖို့ အာသီ သရှိနေပါတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တရုတ်သမ္မတ ရှီကျင့်ပင် က မနေ့က ပြောကြားလိုက်ပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တရုတ်သမ္မတ ရှီကျင့်ပင် တို့ နိုဝင်ဘာလ ၁ ရက်နေ့က တရုတ်နိုင်ငံ ပေကျင်းမြို့က ပြည်သူ့ခန်းမဆောင်မှာ တွေ့ဆုံကြစဉ် Photo: Senior General Min Aung Hlaing Facebook

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ တရုတ်နိုင်ငံက ဆက်လက်ပါဝင်ဖို့ အာသီသရှိနေပါတယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို တရုတ်သမ္မတ ရှီကျင့်ပင် က မနေ့က ပြောကြားလိုက်ပါတယ်။

မြန်မာ့အချုပ်အခြာအာဏာနဲ့ ပိုင်နက်ကို တရုတ်နိုင်ငံက လေးစားတဲ့အကြောင်းနဲ့  မြန်မာနိုင်ငံမှာ  အမျိုးသား ရင်ကြားစေ့ရေး  အမြန်ဆုံးရရှိလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်းလည်း တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်သမ္မတက ပြောကြားပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနဲ့တည်ငြိမ်ရေးကို တရုတ်နိုင်ငံက အထူးအရေးထားပါကြောင်း တရုတ်သမ္မတ ရှီကျင့်ပင်က ပြောကြားပြီး နှစ်နိုင်ငံ နှစ်ကာလရှည်ကြာရှိလာတဲ့ ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေး ဆက်လက်အဓွန့်ရှည်ချစ်ကြည်ဖို့ တိုက်တွန်းပါတယ်။ မကြာခင်နှစ်ပိုင်းတွေမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင် ရွက်ရေး မြင့်မားလာတာကိုလည်း ပြောပါတယ်။

တရုတ်ဗဟိုစစ်ရေးကော်မရှင် ဥက္ကဌလည်းဖြစ်တဲ့ ရှီကျင့်ပင်က တရုတ်-မြန်မာ စစ်ဘက် ဆက်ဆံရေးကို  ချီးကျူးလိုက်ရုံမက  ဒေသငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက်သာမက နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေကို ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ပြီး ပူးတွဲစောင့်ရှောက်ဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း  နှစ်နိုင်ငံစစ်တပ်ချင်း ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးအပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးရေးက အထူးအရေးပါကြောင်း ပြောကြားပါတယ်။ နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံစိတ်ချ တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံနဲ့ အတူလုပ်ကိုင်ဖို့ မြန်မာနိုင်ငံက အသင့်ရှိပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org