မူဆယ်မှာ လုံထန် ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦး ပစ်သတ်ခံရ

မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့၊ စက်မှုရပ်ကွက်မှာ ဒီနေ့ မနက် ၈ နာရီလောက်က လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ လုံထန်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ အခင်းဖြစ်ပွားရာ နေရာအနီးမှာရှိနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မူဆယ်မြို့တွင်း တစ်နေရာအား ၂၀၁၈ ခုနှစ် မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။

မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့၊ စက်မှုရပ်ကွက်မှာ ဒီနေ့ မနက် ၈ နာရီလောက်က လက်ဖက်ရည်ဆိုင်ထိုင်နေတဲ့ စစ်ကောင်စီ လက်အောက်ခံ လုံထန်ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ အခင်းဖြစ်ပွားရာ နေရာအနီးမှာရှိနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အမျိုးသားနဲ့ အမျိုးသမီး နှစ်ယောက် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေတုန်း သေနတ် ပစ်ခံရတာ။ အမျိုးသားက အသက် ၃၀ ကျော် အရွယ်ပေါ့။ နေရာမှာပဲ သေဆုံးသွားတယ်။ အနောက်ကနေ ပစ်သွားတာ။ သေသွားတဲ့သူက လုံထန်ပြည်သူ့စစ် တပ်ဖွဲ့ကပေါ့နော်”

သေဆုံးသွားတဲ့ အမျိုးသားဟာ မူဆယ်မြို့ လုံထန်ပြည်သူ့စစ်တပ်ဖွဲ့ အရာရှိပိုင်းက ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီပစ်ခတ်မှုဟာ ဘယ်အဖွဲ့ရဲ့ လက်ချက်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ပြီးခဲ့တဲ့ မတ်လ နောက်ဆုံးအပတ်ကလည်း မူဆယ် သိန်းသန်းချီကားကွင်းမှာရှိတဲ့ ဘဏ်လုံခြုံရေးယူနေတဲ့ လုံထန် ပြည်သူ့စစ်နှစ်ဦးကို လက်နက်ကိုင်ဆောင်ထားသူတွေ လာရောက်ပစ်ခတ်လို့ ပြည်သူ့စစ်နှစ်ဦး သေဆုံးခဲ့ပြီး အရပ်သား သုံးဦး ဒဏ်ရာရှိခဲ့ပါတယ်။

မူဆယ်မြို့နဲ့အတွင်းမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့တွေ အားကောင်းပြီး အခုလိုပဲ မကြာခဏ ပစ်ခတ်ခံရမှုတွေဖြစ်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org