ခင်ဦးမြို့မှာ ပျူစောထီးအဖွဲ့ဝင်သုံးဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ ဇန်နဝါရီ ၃၀ ရက်နေ့မှာ စစ်ကောင်စီသတင်းပေးသူ သုံးယောက် အသတ်ခံခဲ့ ရပါတယ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မဒေါင်လှရွာကို တွေ့ရစဉ် Photo: CJ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့မှာ ဇန်နဝါရီ ၃၀ ရက် ဒီနေ့တစ်ရက်တည်းမှာ စစ်ကောင်စီသတင်း ပေးသူဆိုပြီး သတ်မှတ်ခံထားရသူ သုံးယောက် အသတ်ခံရတယ်လို့ ခင်ဦးမြို့ဒေသခံတွေက ပြောပါတယ်။

မဒေါင်လှရွာနဲ့ ညောင်ကန်ရွာက စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေ အသတ်ခံ ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။

“ပျူစောထီး အမျိုးသမီးခေါင်းဆောင် တစ်ယောက်၊ မဒေါင်းလှရွာနဲ့ ညောင်ကန်ရွာ အသတ်ခံရတဲ့သူတွေကလည်း ပျူစောထီး သင်တန်းဆင်းလာတဲ့သူတွေ၊ နယ်မြေခံ အဖွဲ့တွေက ရှင်းလင်းလိုက်တာလို့ ပြောနေကြတယ်”

မသက်သက်မာ အသက် ၄၀ ဝန်းကျင်နဲ့ ကိုဇာနည်အောင် အသက် ၃၅ နှစ် တို့ဟာ မဒေါင်လှရွာက မူးမြစ်ကို ဘောင်လုပ်ထားတဲ့နေရာမှာ အသတ်ခံလိုက်ရတာဖြစ်ပြီး ကိုရဝေအောင် အသက် ၂၂ က ညောင်ကန်ရွာမှာ အသတ်ခံရတာလို့ ပြောပါတယ်။

ခင်ဦးမြို့နယ်ထဲမှာ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဇန်နဝါရီ ၃၀ ရက် တစ်နှစ်နီးပါး ကာလအတွင်း စစ်ကောင်စီ သတင်းပေးသူ ၁၀၀ ဝန်းကျင်ကို ရှင်းလင်းနိုင်ခဲ့တယ်လို့ နယ်မြေခံအဖွဲ့တွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org