စေတုတ္တရာမြို့ သက္ကယ်ကျင်းရွာ တိုက်ပွဲမှာ စစ်တပ်က ခြောက်ဦး သေဆုံး

စေတုတ္တရာ သက္ကယ်ကျင်းရွာအနီးမှာ စစ်တပ်ကို လူထုတော်လှန်ရေး မဟာမိတ်အဖွဲ့က တိုက်ခိုက်ခဲ့ ရာ ခြောက်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

လူထုတော်လှန်ရေး မဟာမိတ်အဖွဲ့ PRA - Magway တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: PRA - Magway

မကွေးတိုင်း စေတုတ္တရာမြို့နယ် သက္ကယ်ကျင်းရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လူထုတော်လှန်ရေး မဟာမိတ်အဖွဲ့ PRA - Magway က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်က ခြောက်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ PRA - Magway အဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက် မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ အင်းအား ၈၀ လောက်ရှိတဲ့ စစ် ကောင်စီ တပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာတာကို လူထုတော်လှန်ရေး မဟာမိတ်အဖွဲ့ PRA - Magway တပ်ဖွဲ့ဝင်တွေက တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ PRA - Magway ဘက်က ထိခိုက်ဒဏ်ရာရတာတွေ မရှိခဲ့ဘဲ စစ်ကောင်စီ ဘက်က ကျည်အိမ်တွေနဲ့ ကျည်ဆန်တချို့ကိုပါ သိမ်းဆည်းရခဲ့တယ်လို့ ဆိုပါတယ်။

ညနေ ၄ နာရီခွဲလောက်မှာ သူတို့တပ်စွဲထားတဲ့ သက္ကယ်ကျင်းရွာထဲကို ပြန်လည်ဆုတ် ခွာခဲ့ပြီး နောက်ထပ် ထိုးစစ်ဆင်လာနိုင်တယ်လို့လည်း ပြောပါတယ်။

အဲဒီတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA က သီးခြားမပြုနိုင်သေးသလို စစ်ကောင်စီ ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစား နေပါတယ်။

ဒီရက်ပိုင်းအတွင်း စေတုတ္တရာ-ငဖဲ ကားလမ်းတလျောက်မှာ စစ်ကောင်စီတပ်ဖွဲဝင်တွေက လုံခြုံရေးတွေ တင်းကျပ်ထားကာ စစ်ဆေးတာတွေလည်း လုပ်နေတယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org