ဒါရိုက်တာ မိုက်တီး ဆေးကုသခွင့်ရဖို့ ထောင်အာဏာပိုင်တွေထံ တောင်းဆို
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ အင်းစိန်ထောင်ကနေ အမှုရင်ဆိုင်နေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဒါရိုက်တာ မိုက်တီး ကို ပြင်ပဆေးရုံမှာ ဆေးကုသခွင့်ရဖို့ မိသားစုဝင်တွေက အင်းစိန်ထောင် အာဏာပိုင်တွေထံ တောင်းဆိုထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
- 2022-04-26
-
-
-
ဒါရိုက်တာ မိုက်တီးကို တွေ့ရစဥ်
ဓါတ်ပုံ - မိုက်တီး ဖေ့စ်ဘွတ်
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ အင်းစိန်ထောင်ကနေ အမှုရင်ဆိုင်နေရတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို ဒါရိုက်တာ မိုက်တီး ကို ပြင်ပဆေးရုံမှာ ဆေးကုသခွင့်ရဖို့ မိသားစုဝင်တွေက အင်းစိန်ထောင် အာဏာပိုင်တွေထံ တောင်းဆိုထားတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒါရိုက်တာ မိုက်တီးဟာ အူမကြီးကင်ဆာဖြစ်နေတာ သုံးနှစ်နီးပါးရှိနေပြီး နှစ်ကြိမ်တိုင် ခွဲစိတ်ခံထားရကာ အခုလည်း ဆေးဝါးကုသစစ်ဆေးဖို့ လိုအပ်နေတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"ကိုမိုက်ကို ဆေးစစ်ဖို့လျှောက်ထားတာ ဟုတ်ပါတယ်၊ သူက အူမကြီးကင်ဆာနဲ့ အူကျွံ နေတော့ အရင်က အိမ်မှာနေရင် ခါးစည်း စည်းထားရတာ၊ အခုလည်း ဆေးစစ်ရမယ့်အချိန် ရောက်တော့ အပြင်မှာ ဆေးစစ်လို့ မရဘူးဆိုရင်တော့ ထောင်ထဲမှာပဲ ဆေးစစ်လို့ရအောင် လျှောက်ထားတာပါ၊ ပယ်ချခံရမှာလည်း စိုးရိမ်ပါတယ်"
ဒါရိုက်တာ မိုက်တီးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ ထောင်အာဏာပိုင်တွေရဲ့ ညွှန်ကြားချက်တွေနဲ့ အညီ ဆေးရုံမှာ ဆေးကုသခွင့်ရစေချင်တယ်လို့လည်း သူက ဆိုပါတယ်။
ပုဒ်မ ၅၀၅-က နဲ့ တရားစွဲခံထားရတဲ့ သူ့ရဲ့အမှုမှာ တရားလိုပြသက်သေ ခုနစ်ဦးထဲက နှစ်ဦးကို စစ်ဆေးခဲ့ပြီး လာမယ့် မေလ ၂ ရက်နေ့ကို ရုံးချိန်း ထပ်မံချိန်းဆိုထားပါတယ်။
သူ့ကို ပြီးခဲ့တဲ့ မတ်လအတွင်းက တာမွေမြို့နယ် ရဲစခန်းကနေ ပုဒ်မ ၅၀၅-ကနဲ့ ဖမ်းဆီးတရား စွဲဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ပုဒ်မ ၁၆ (ဂ) မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်း လဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ တရားစွဲဆိုခံခဲ့ရကာ ကျန်းမာရေးအခြေ အနေကြောင့် အာမခံနဲ့ ပြန်လွတ်ခဲ့တာ ဖြစ်ပါတယ်။