ရွေးကောက်ပွဲသတင်း ဖေါ်ပြပုံ ဘက်လိုက်မှု ရှိ မရှိ MID စောင့်ကြည့်မည်
လာမယ့် နိုဝင်ဘာလ ၈ရက် ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေအနေနဲ့ ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားဘဲ ဘက်မလိုက်တဲ့ ရေးသားဖေါ်ပြကြ ဖို့အတွက် Myanmar Institute for Democracy (MID) အဖွဲ့က စောင့်ကြည့်လေ့လာပြီး အစီရင်ခံစာထုတ်ပြန်သွား မယ်လို့ ပြောပါတယ်။
-
2015-09-08 -
-
-
လာမယ့် နိုဝင်ဘာလ ၈ရက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေအနေနဲ့ ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားဘဲ ဘက်မလိုက်တဲ့ ရေးသားဖေါ်ပြကြဖို့အတွက် Myanmar Institute for Democracy (MID) အဖွဲ့က စောင့် ကြည့်လေ့လာပြီး အစီရင်ခံစာထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့ Summit Parkview ဟိုတယ်မှာ အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ MID အဖွဲ့ရဲ့ စီမံကိန်းညှိနှိုင်းရေးမှူး ဦးမျိုးမင်းဇော်က ပြည်တွင်း ပြည်ပနဲ့ အစိုးရမီဒီယာအားလုံးကို စောင့်ကြည့်သွားမှာဖြစ် တယ်လို့ ပြောပါတယ်။
"ရွေးကောက်ပွဲသတင်းနဲ့ ပတ်သက်တဲ့ ဖော်ပြမှု၊ ပါတီတွေရဲ့ သတင်းနဲ့ ပတ်သက်တဲ့ ဖော်ပြမှု ၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ဖော်ပြမှုတွေကို ကျနော်တို့က သတင်းမီဒီယာတွေ ကနေ ပြည်သူလူထုဆီကို သတင်းအချက်အလက် တိတိကျကျမှန်မှန် ကန်ကန်ရောက်ဖို့၊ ဖော်ပြတဲ့နေရာ မှာလည်း ဘက်လိုက်မှုကင်းရဲ့လားပေါ့"
အဲဒီစောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်ကို မဲဆွယ်စည်းရုံးကာလ ပထမနေ့ဖြစ်တဲ့ စက်တင်ဘာလ ၈ ရက် မနေ့က စတင်ခဲ့တာဖြစ်ပါတယ်။
အစိုးရနဲ့ ပြည်တွင်းသတင်းမီဒီယာတွေအပြင်၊ ပြည်ပအခြေစိုက် မီဒီယာတွေဖြစ်တဲ့ BBC ၊ VOA ၊ RFA သတင်းမီဒီယာတွေရဲ့ ရွေးကောက်ပွဲအပေါ် ဖော်ပြမှုတွေလည်းပါဝင်မှာဖြစ်ပြီး၊ ရေဒီယိုလိုင်း ၈ခု၊ တီဗီရုပ်သံလိုင်း ၅ ခု၊ နေ့စဉ်ထုတ်နဲ့ အပတ်စဉ်ထုတ် သတင်းစာ ၁၄ စောင်၊ အင်တာနက် အွန်လိုင်းသတင်းဌာန ၃ ခုကို လေ့ လာစောင့်ကြည့်မယ်လို့ MID အဖွဲ့က ပြောပါတယ်။
အဲဒီစီမံကိန်းကို သုံးစွဲမှာဖြစ်ပြီး ဥရောပသမဂ္ဂ EU ရဲ့ထောက်ပံ့ငွေ ယူရို ၅သောင်းကျော်နဲ့ အကောင် အထည်ဖော်ဆောင်ရွက်မှာဖြစ်သလို National Endowment for Democracy (NED) ကလည်း ပံ့ပိုးကူညီမယ်လို့ သိရပါတယ်။