အလွတ်သတင်းထောက် ကိုပါကြီး အမှု စုံစမ်းစစ်ဆေးရေး စတင်
အလွတ်သတင်းထောက် ကိုပါကြီးခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုကို စစ်ဆေးဖို့အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်က တာဝန်ရှိသူတွေ မွန်ပြည် နယ် မော်လမြိုင်မြို့ကို ဒီနေ့ ရောက် ရှိသွားပြီဖြစ်ပါတယ်။
- 2014-11-01
-
-
-
Your browser doesn’t support HTML5 audio
အလွတ်သတင်းထောက် ကိုပါကြီးခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှုကို စစ်ဆေးဖိ့ု အတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မ ရှင်က တာဝန်ရှိသူတွေ မွန်ပြည်နယ် မော်လမြိုင်မြို့ကို ဒီကနေ့ ရောက်ရှိသွားပြီဖြစ်ပါတယ်။
ကိုပါကြီးရဲ့အလောင်း မြုပ်နှံရာဖြစ်တဲ့ ရွှေဝါချောင်းနေ ရာကို သွားရောက်ပြီး ပါဝင်ပတ်သက်ခဲ့သူတွေကို တေ့ွ ဆုံမေးမြန်းသွားမယ်လို့ မော်လမြိုင်မြို့မှာ ရောက်နေ တဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က RFA ကို ပြောပါတယ်။
"အဲ့ရက်တွေက ဖြစ်တဲ့ဖြစ်စဉ်တွေကို ကျနော် တို့ ပြန်ဆက်စပ်မှာပေါ့ဗျာ၊ ကျနော်တို့ က မြေပြင်မှာ တကယ်တွေ့ရှိတဲ့လူတွေ၊ သိရှိတဲ့လူတွေရဲ့ ထွက်ဆိုချက်တွေကို မေးမြန်း ပြီးတော့ ဖြစ်စဉ်ကို ကျနော်တို့ ဆက်စပ်ကြည့်ရမှာပေါ့"
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကိုပါကြီးအမှုကို စုံစမ်းစစ်ဆေးပြီး အစီရင်ခံစာတင်ပြဖို့ အောက်တိုဘာလ ၃၀ ရက်နေ့က အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အဖွဲ့က အတွင်းရေးမှူး ဦးစစ်မြိုင်၊ ဦးဇော်ဝင်း၊ ဒေါက်တာ ဉာဏ်ဇော်တို့ ဦးဆောင်ပြီး ကျိုက်မရောမြို့အခြေစိုက် ခလရ ၂၀၈ တပ်က တာဝန်ရှိသူတွေနဲ့ လည်း တေ့ွဆုံ စစ်ဆေးမေးမြန်းသွားမယ်လု့ိ သိရပါတယ်။
ကိုပါကြီးအမှုကို စစ်ဆေးသွားမယ့် အခြေအနေတွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မ ရှင်က အတွင်းရေးမှူး ဦးစစ်မြိုင်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။