မီဒီယာရဲ့ အသံ အစိုးရသစ် နာခံမည် ဟုဆို

မနေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အဖွင့် မိန့်ခွန်းမှာ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက သတင်း မီဒီယာတွေရဲ့ ဝေဖန် အကြံပြုချက်တွေကို လက်ခံသွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့သိရပါတယ်။

စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။ AFP

သူရဦးရွှေမန်းရဲ့ ပြောဆိုချက် အပေါ် ပြည်ပ အခြေစိုက် မြန်မာ့ သတင်းသမဂ္ဂ (BMA) က ကြိုဆိုလိုက်ပါတယ်။

မြန်မာ့သတင်း သမဂ္ဂရဲ့ ဥက္ကဌ ဖြစ်သူ ဦးမောင်မောင်မြင့်က သတင်း မီဒီယာတွေရဲ့ လွတ်လပ်မှုကို အစိုးရက အသိအမှတ် ပြုလာတာဟာ ကောင်းမွန်တဲ့အချက် ဖြစ်ကြောင်း၊ မီဒီယာကို ရန်သူလိုမျိုး သဘောမထားသင့်ကြောင်း၊ ရန်သူလို သဘောထားခဲ့တဲ့ အတွက် မီဒီယာ သမားတွေရဲ့ စေတနာဟာ အရာမထင် ဖြစ်ခဲ့ရကြောင်း ပြောပါတယ်။

ဒါ့အပြင် မီဒီယာ လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး လက်တွေ့အကောင်အထည် ဖေါ်ဖို့ လိုအပ်ကြောင်းလည်း ဦးမောင်မောင်မြင့်က ပြောဆိုပါတယ်။

ပြည်တွင်း မီဒီယာတွေမှာ ခါတိုင်းထက်စာရင် ပိုပြီး ဖေါ်ပြရေးသားလို့ ရလာပြီလို့ ဆိုနိုင်ပေမဲ့၊ စာပေ စိစစ်ရေးရုံးနဲ့ ဆင်ဆာ ဖြတ်တောက်တာတွေတော့ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း ပြည်တွင်း စာနယ်ဇင်းလောက က ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org