သင်္ကန်းကျွန်းမှာ နေအိမ် ၂ဝဝ ကျော် အဓမ္မဖယ်ရှားခံရ

ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် ၁ နဲ့ ၂ ရပ်ကွက်မှာ တပ်မတော်ကို မြေငှားရမ်းခပေးပြီး မိသားစုလိုက် စိုက်ပျိုး မွေးမြူရေး လုပ်ကိုင်နေကြတဲ့ အိမ်ခြေ ၂ဝဝ ကျော်ကို အာဏာပိုင်တွေက ဒီကနေ့ ညနေပိုင်းမှာ အင်အားသုံးပြီး အပြီး ဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် ၁၊ ၂ ရပ်ကွက်မှ ဇွန်လ ၁၃၊ ၁၄ ရက်နေ့များတွင် အတင်းအဓမ္မ ဖယ်ရှားခံရတဲ့ အိမ်များကိုတွေ့ရစဉ် photo: RFA/ Nay Myo Htun

ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်းမြို့နယ် မိကျောင်းကန် ၁ နဲ့ ၂ ရပ်ကွက်မှာ တပ်မတော်ကို မြေငှားရမ်းခပေးပြီး မိသားစုလိုက် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်နေကြတဲ့ အိမ်ခြေ ၂ဝဝ ကျော်ကို အာဏာပိုင်တွေက ဒီကနေ့ ညနေပိုင်းမှာ အင်အားသုံးပြီး အပြီးဖယ်ရှားလိုက်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နေအိမ်တွေ ဖျက်ဆီးဖယ်ရှားခံရတဲ့အထဲမှာ ပါင်သူတစ်ဦးက RFAကို အခုလို ပြောပါတယ်။

"သူတို့မနေ့က လက်ကျန်တွေကို ဆက်ဖျက်တယ်၊ ဖျက်ထားတဲ့ဟာတွေကို အပြင်ကိုအကုန်လုံး ဆွဲထုတ်တယ်၊ ညနေ ၄ နာရီပြီး ဘယ်သူမှမနေရဘူးဆိုပြီးတော့၊ အထဲမှာ အိမ်အကုန်ဖျက်လိုက်ပါပြီ၊ သူတို့တပ်ထဲက နှင်ထုတ်လိုက်တော့၊ လောလောဆယ်တော့ ဘယ်မှသွားစရာမရှိတော့ အခုလမ်းဘေးမှာပဲ ရွက်ဖျင်တဲ့လေးတွေ ထိုးပြီးတော့နေတယ်၊ ဒီနေ့မနက်တော့ ဗိုလ်မှူးချုပ် အောင်သိန်းလင်းရယ်၊ ဗိုလ်ချုပ် တင်ထွဋ်ရယ်၊ ဦးခင်မောင်ရီရယ်၊ လွှတ်တော်ကိုယ်စားလှယ်ကြီး ဦးသိန်းညွန့်ရယ်လေ လေးယောက်ဆင်းလာပြီးတော့ ပြည်သူတွေကို ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ သူတို့တတ်နိုင်တဲ့ဘက်က ကူညီပါ့မယ်တဲ့၊ ဒီဘက်ကပြည်သူတွေကတော့ အတတ်နိုင်ဆုံး ဥပဒေဘောင်ထဲကနေပဲ ပြဿနာမဖြစ်အောင်နေကြပါတဲ့၊ အဲဒါလေးပဲပြောသွားတယ်"

မနေ့ကတည်းက အာဏာပိုင်တွေက လူအင်အားသုံး ဖယ်ရှားခဲ့တာဖြစ်ပြီး အဲဒီအိမ်တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ကတည်းက အပြီး ဖယ်ရှားပေးဖို့ အမိန့် ထုတ်ထားတာဖြစ်တယ်လို့ သိရပါတယ်။

မြေဧက ၃ဝ ကျော် ကျယ်ဝန်းတဲ့ အဲဒီရပ်ကွက် မြေနေရာမှာ ၁၉၉၂ ခုနှစ်ကတည်းက တပ်မတော်ကို တစ်လကျပ် ၃၅ သိန်းပေးပြီး ဌားရမ်း လုပ်ကိုင်ခွင့်နဲ့ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org