မန္တလေးမှာ ဧည့်စာရင်းတိုင်နေစဉ် ဗုံးကွဲလို့ လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ယာ အနီးက ၄၄ ဓမ္မာရုံမှာ သြဂုတ်လ ၁၉ ရက် ဒီနေ့မှာ ဧည့်စာရင်းတိုင်ကြားမှုတွေ ပြုလုပ်နေတဲ့အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ လူလေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ယာ အနီးမှာ ၂၀၂၁ သြဂုတ်လ ၁၉ ရက်နေ့က ဗုံးပေါက်ကွဲပြီးနောက် ထွက်ပြေးလာကြစဉ် Photo: CJ

မန္တလေး ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ယာ အနီးက ၄၄ ဓမ္မာရုံမှာ သြဂုတ်လ ၁၉ ရက် ဒီနေ့မှာ ဧည့်စာရင်းတိုင်ကြားမှုတွေ ပြုလုပ်နေတဲ့အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့လို့ လူလေးဦးထက်မနည်း ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်ထဲမှာ ဧည့်စာရင်းတိုင်ဖို့ လှည့်လည်ကြေညာပြီးနောက် ဧည့်စာရင်းတိုင်ဖို့ စောင့်နေတုန်းမှာပဲ ဗုံးကွဲမှုဖြစ်ခဲ့တာလို့ အခင်းဖြစ်နေရာမှာရှိနေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဧည့်စာရင်းလာတိုင်ဖို့ မနက်က ရပ်ကွက်ထဲမှာ လှည့်အော်နေတော့ တချို့က သူတို့ပြောတဲ့အချိန်မှာ သွားတိုင်ကြတာ။ ဧည့်စာရင်းတိုင်နေတုန်းဖြစ်သွားတာ။ လူတွေကလည်း များတယ်။ စကစ ဘက်ကရော လာတိုင်တဲ့ ပြည်သူတွေထဲကရော ဒဏ်ရာရသွားတယ်။ အခုတော့ လူနာတင်ကားတွေနဲ့ လာခေါ် သွားတယ်"

ခြေထောက်နဲ့ ရင်ဘတ်တွေမှာ ထိခိုက်ဒဏ်ရာ ရသွားခဲ့ကြတာလို့လည်း ပြောပါတယ်။

စစ်ကောင်စီဟာ ဧည့်စာရင်း စစ်ဆေးမယ်ဆိုပြီး နေအိမ်တွေကို ဝင်ရောက်လာပြီး အမျိုးသားတွေကို ဖမ်းဆီး သွားတာတွေ ရှိတယ်လို့ မန္တလေးမြို့က ဒေသခံတွေက ပြောတယ်။

ဒီဗုံးခွဲတိုက်ခိုက်မှုဟာ ဘယ်သူ့ လက်ချက်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org