မောင်တောမှာ ညမထွက်ရအမိန့် နောက်ထပ် ၂ လ တိုးမြှင့်

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ညမထွက်ရ အမိန့်ကို နောက်ထပ် ၂ လ တိုးမြှင့်လိုက်ပါတယ်။

မောင်တောမြို့ အဝင်ဝကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောခရိုင်အတွင်း ညမထွက်ရ အမိန့်ကို နောက်ထပ် ၂ လ တိုးမြှင့်လိုက်ပါတယ်။

ဒီအတောအတွင်း ဒီဇင်ဘာ ၂၆ ရက် မနေ့က မောင်တောမြို့နယ်မြောက်ပိုင်း တရိန်း(မြို)ကျေးရွာမှာ  အမျိုးသား ၁ ဦး အသတ်ခံခဲ့ရပါတယ်၊၊

မောင်တောခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက လုံခြုံရေးအခြေအနေအရ မောင်တောမှာ ညမထွက်ရအမိန့်ကို ဆက်လက်ထားရှိသင့်တယ်လို့ ပြောပါတယ်။

"ညမထွက်ရအမိန့်  ထုတ်ထားတာ ပိုပြီးကောင်းမယ်ထင်တယ်၊ လက်ရှိအခြေအနေက စိတ်ချရတဲ့ အနေအထားတော့ မရှိသေးဘူး၊ တရိန်းကျေးရွာသား အသတ်ခံရတယ်ဆိုတော့ မောင်တောအခြေအနေက လုံခြုံမှုရှိတယ်လို့ ပြောလို့မရသေးဘူး"

တရိန်း(မြို)ကျေးရွာနေ ဦးလောင်းပျော် ဆိုသူဟာ တရွာတည်းနေ ရွာသား ၁၅ ဦးနဲ့အတူ ငါးရှာဖို့ အိမ်က ထွက်ခွာသွားခဲ့ပြီး တဦးတည်း နေအိမ်ကို ပြန်လာခဲ့ရာက အသတ်ခံခဲ့ရတာဖြစ်ပါတယ်။

မောင်တောမှာ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ လုံခြုံရေးရဲကင်းစခန်းတွေကို တပြိုင်နက်ထဲ အကြမ်းဖက်တိုက်ခိုက်မှုနောက်ပိုင်း မောင်တောခရိုင်အတွင်း ည ၆ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာဖြစ်ပါတယ်၊။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org