မဘသ ညီလာခံ မကြာမီ အင်းစိန်မြို့နယ်မှာ ကျင်းပမည်
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့ (ဗဟို) ညီလာခံကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ် က အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပမယ်လို့ သိရပြီး သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရကို ဖိတ်ကြား ထားတယ်လို့ မဘသ(ဗဟို) ဦးဆောင် ဆရာတော်တွေက မိန့်ကြားပါတယ်။
-
2015-06-14 -
-
-
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ညီလာခံကို လာမယ့် ဇွန်လ ၂၀ ရက်နေ့မှာ ရန်ကုန်မြို့ အင်းစိန်မြို့နယ်က အောင်ဆန်းတောရ တပ်ဦးကျောင်းမှာ ကျင်းပမယ်လို့ သိရပြီး သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရကို ဖိတ်ကြား ထားတယ်လို့ မဘသ(ဗဟို) ဦးဆောင်ဆရာတော်တွေက မိန့်ကြားပါတယ်။
သီတဂူဆရာတော်ကို မဘသ(ဗဟို) အဖွဲ့ရဲ့ ဒုတိယဥက္ကဌအနေနဲ့ ဖိတ်ကြား ထားတယ်လို့ မဘသ (ဗဟို) ဦးဆောင်ဆရာတော် ဦးပါမောက္ခက မိန့်ကြားပါတယ်။
"ဆရာတော် အရှင်ဉာဏိဿရကို ဘုန်းကြီးတို့ အမျိုးဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့ ကနေပြီးတော့ ဖိတ်ကြားထားပါတယ်၊ ဘုန်းကြီးတို့ ဒုဥက္ကဌအနေနဲ့ ဖိတ်ကြား ထားတာပါ၊ ဆရာတော်အနေနဲ့ကတော့ ဒုဥက္ကဌအနေနဲ့ဖြစ်ဖြစ်၊ ဧည့်သည်တော်အနေနဲ့ ဖြစ်ဖြစ်၊ အစည်းအဝေးကိုတက်ဖို့ အဓိက ပါပဲ၊ နိုင်ငံခြားခရီးစဉ်မရှိဘူး၊ ကျန်းမာရေး လည်းကောင်းတယ်ဆိုရင် တက်မယ်လို့ပြောထားပါတယ်"
အဲ့ဒီညီလာခံမှာ ဘာသာခြားတွေနဲ့ ပဋိပက္ခဖြစ်တဲ့အခါ အကြမ်းမဖက်ဘဲ အေးချမ်းစွာဖြေရှင်းရေး၊ ပဋိပက္ခတွေ ဖြစ်လာမယ်ဆိုရင် မဘသ အဖွဲ့က တရားဥပဒေ စိုးမိုးမှုရှိရေးအတွက် ဦးဆောင်ဖြေရှင်းရေး၊ မျိုးစောင့်ဥပဒေ ၄ ခုကို လွှတ်တော်က အတည်ပြုပြီးတဲ့အခါ ဥပဒေအတိုင်း ဆောင်ရွက်နိုင်ရေးကို စောင့်ကြည့်ရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြမယ်လို့ သိရပါတယ်။