စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှုး နဲ့အဖွဲ့ သံဃာတော်များကို တွေ့ဆုံ

လက်ပန်းတောင်းတောင် ကြေးနီ စီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေဟာ ဒီကနေ့ ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေး ပြည်သူ့ဆေးရုံကြီး မှာ ဆေးဝါးကုသမှု ခံယူနေတဲ့ ကြေးနီတောင် သပိတ်စခန်းမှာ ဒဏ်ရာရသူ သံဃာတော်တွေ ကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

အဖွဲ့ကို ကော်မရှင်အတွင်းရေးမှူးဦးကျော်တင့်ဆွေက ဦးဆောင်လာတာဖြစ်ပြီး လူနာတွေကို စနစ်တကျနဲ့ စိတ်ရှည်လက်ရှည် သပိတ်စခန်း အကြမ်းဖက် ဖြိုခွင်းခဲ့မှုနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့တာလို့ လူနာတဦးဖြစ်တဲ့ ဦးဇင်း ပါဋ္ဋက ကမိန့်ကြားပါတယ်။

အဖွဲ့ဝင်တွေဟာ ညနေ ၃ နာရီလောက်မှာ မန္တလေးဆေးရုံကြီးကတဆင့် ၆၂လမ်းရှိ ကန်တော်နတီ ဆေးခန်းကို ဆက်လက်သွားရောက်ပြီး ဆေးခန်းမှာ အတွင်းလူနာအဖြစ် ဆေးကုသ မူခံယူနေတဲ့ သံဃာ ၃၇ပါးကိုလည်း သွားရောက်ကြည့်ရူ မေးမြန်းလျောက်ထားခဲ့တယ်လို့ သိရပါတယ်။

စုံစမ်းစစ်ဆေးရေးကော်မရှင်က သံဃာတော်တွေကို လျှောက်ထားမေးမြန်းတာနဲ့ ပတ်သက်ပြီး RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က စုစည်းတင်ပြထားပါတယ်။

အသံဖိုင်နားထောင်ရန်
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org